34 C
Yangon

ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) ဦးဆောင်သူ ကိုမြတ်သူ နှင့်တွေ့ဆုံမေးမြန်းခြင်း

Must read

“မြို့တွေရွာတွေတပ်စခန်းတွေမှာတော့ စစ်ကောင်စီ ကဆက်ရှိနေပေမယ့် အရင်လိုမျိုးသွားချင် သလိုသွား လာချင်သလိုလာ အခြေအနေမျိုး သူတို့စိုးမိုးထားနိုင်ခြင်းမရှိဘူး။စစ်ကောင်စီဘက်က ခံစစ်အနေအထားဖြစ်သွားပြီလို့ သုံးသပ်လို့ရပါတယ်။”

ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) ဦးဆောင်သူ ကိုမြတ်သူ နှင့်တွေ့ဆုံမေးမြန်းခြင်း

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားတာမရှိတဲ့နေရာတွေက ပြည်သူတွေကိုပါ အကြောင်းမဲ့ သက်သက်သတ်ဖြတ်မှုတွေ၊ လေကြောင်းကနေ ဗုံးကျဲမှုတွေအထိ တစ်နိုင်ငံလုံးမှာ ခပ်စိတ်စိတ်လုပ် ဆောင်လာတာတွေ့ရပါတယ်။

ဒီလိုအခြေအနေမှာ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်ကနေလည်း ပြည်သူတွေကို ကာကွယ်ဖို့ ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်ရဖို့အတွက် တိုက်ပွဲဝင် တော်လှန်နေ ကြပါတယ်။

ချင်းပြည်နယ်နဲ့ကော မြန်မာနိုင်ငံအလယ်ပိုင်းအတွက်ပါ အရေးကြီးတဲ့ဒေသ တစ်ခုဖြစ်တဲ့ ယောဒေသဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး ယောဒေသ ယောပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တင်မက ဒေသလုံခြုံရေးအတွက်ပါ စစ်ကောင်စီတပ်ဖွဲ့ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေတဲ့ ယောကာကွယ် ရေးတပ်ဖွဲ့ဟာ မေလ ၁၂ ရက်နေ့က တပ်ဖွဲ့ ဖွဲ့စည်း တည်ထောင် မှု ၂ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

ဒီ ၂ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးတွေ၊ နယ်မြေစိုးမိုး ထားနိုင်မှုအပိုင်း၊ လက်နက်ရရှိမှုနဲ့ ကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့ ပတ်သက်ပြီး ယောကာကွယ် ရေးတပ်ဖွဲ့ (YDF) ဦးဆောင်သူ ကိုမြတ်သူနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article