29 C
Yangon

ရန်ကုန်တွင် အိမ်ငှားနှင့်အဆောင်နေသူများအားလုံး ကိုယ်ရေးရာဇဝင် အပြည့်အစုံရေး၍ စစ်ကောင်စီထံ ပေးရမည်ဖြစ်ပြီး လိမ်လည်ဖြည့်လျှင် အရေးယူမည်ဟု ခြိမ်းခြောက်

Must read

ရန်ကုန်တွင် အိမ်ငှားနှင့်အဆောင်နေသူများအားလုံး ကိုယ်ရေးရာဇဝင် အပြည့်အစုံရေး၍ စစ်ကောင်စီထံ ပေးရမည်ဖြစ်ပြီး လိမ်လည်ဖြည့်လျှင် အရေးယူမည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ မေ ၈

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် အိမ်ငှားနေသူများနှင့်အဆောင်နေသူများအားလုံး ကိုယ်ရေးရာဇဝင် အပြည့် အစုံရေး၍ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်နှင့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များထံသို့ ပေးပို့ရမည်ဟု ပြောဆိုလာ ကြောင်း အိမ်ငှားနေသူများနှင့် အဆောင်နေသူများထံမှ သိရှိရသည်။

မေလဆန်းပိုင်းမှစတင်၍ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ အပါအဝင် မြို့နယ်များတွင် သန်းခေါင်စာရင်းမရှိဘဲ အိမ်ငှားနေကြသူများ၊ အဆောင်နေကြသူများအနေဖြင့် ကိုယ်ရေးရာဇဝင် အပြည့် အစုံ ရေးသား၍ ရပ်ကွက်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များထံ ပေးပို့ကြရမည်ဖြစ်ကြောင်း၊ အချက်အလက်များ ဖြည့် သွင်းရာတွင် အမှန်အကန်အတိုင်း ဖြည့်သွင်းရမည်ဖြစ်ပြီး လိမ်လည် ဖြည့်သွင်းကြောင်း စိစစ်တွေ့ရှိရလျှင် အရေးယူ မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်လာကြောင်း သိရှိရသည်။

“အိမ်ငှားတွေရော၊ အဆောင်နေတဲ့သူတွေ ရော အကုန် ကိုယ်ရေးရာဇဝင် အပြည့်အစုံ ပေးရမယ်။ ဓာတ်ပုံ၊ မှတ်ပုံတင် မိတ္တု၊ ဆွေမျိုး မောင်နှမ အလုပ်အကိုင် အချက်အလက် အကုန်ပေးရမှာ။ လိမ်ဖြည့်လို့ စစ်ဆေးတွေ့ရှိရင် ထောင်ချမယ် အရေးယူမယ်ပြောတယ်။ မဖြည့်ချင်ပေမယ့်လည်း ဖြည့်ရတာပဲ။ ဘာအတွက် အဲဒီလိုတောင်းတာလဲတော့ မပြောဘူး” ဟု မင်္ဂလာဒုံစက်မှုဇုန်တွင် အလုပ်လုပ်နေသည့် အဆောင်နေ အလုပ်သမားတစ်ဦးက ပြောသည်။

ထို့ပြင် လှိုင်သာယာမြို့နယ်မှ အိမ်ငှားများ၊ ကျူးကျော်များကိုလည်း ကိုယ်ရေးရာဇဝင်များဖြည့်သွင်း၍ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်ရုံးများထံ ပေးပို့ကြရန် စစ်ကောင်စီဘက်က ဖိအားပေးလာနေကြောင်း သိရှိရသည်။

“သန်းခေါင်စာရင်းမရှိရင် အဲဒီလို ကိုယ်ရေးရာဇဝင်အကျဉ်းတွေ ဖြည့်ပြီး ပေးရမယ်။ ဓာတ်ပုံလည်း ကပ်ရမယ် ဖောင်မှာ။ မေးကြည့်တော့ လုံခြုံရေးအတွက် အဓိက လုပ်တယ်လည်း ပြောတယ်။ ရွေးကောက်ပွဲအတွက် စာရင်းကောက် တာလို့လည်းပြောတယ်။ သေသေချာချာ မရှင်းပြဘူး။ ပေးဆိုတော့လည်း အကုန် ဖြည့်ပြီးပေးရတယ်” ဟု လှိုင်သာယာမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ခြင်းမရှိဘဲ သာမန်ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို တောင်းဆိုနေခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ပြီး ပြည်သူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို ပေးပိုရခြင်းဖြစ်၍ လုံခြုံမှု ကင်းမဲ့စေသည်ဟု လှိုင်သာယာတွင် အလုပ်သမားများကို အကူအညီပေးနေသူ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article