36 C
Yangon

ရေစကြိုမြို့နယ်တွင် စစ်ဘေးရှောင်စခန်းကို စစ်တပ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး အမျိုးသမီးများကို စစ်တပ်က ဖမ်းဆီးသွား

Must read

ရေစကြိုမြို့နယ်တွင် စစ်ဘေးရှောင်စခန်းကို စစ်တပ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး အမျိုးသမီးများကို စစ်တပ်က ဖမ်းဆီးသွား

ရန်ကုန်၊ မေ ၂၈

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ဘေးရှောင်စခန်းကို စစ်တပ်က ပစ်ခတ်မှု ကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး သေနတ်ကျည်ထိဒဏ်ရာရ အမျိုးသမီးများ အပါအဝင် အမျိုးသမီးများကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ ချင်းယားရွာ၊ မိုးဖြူရွာတို့ကို အကြမ်းဖက် စစ်တပ် က မေလ ၂၈ နံနက် ၆ နာရီ ၈ မိနစ်ခန့်မှ စတင်၍ ဝင်ရောက် မီးရှို့ဖျက်ဆီးပြီးနောက် စစ်ရှောင်စခန်းတစ်ခုသို့လည်း ဝင်ရောက်ပစ်ခတ်ခဲ့ ကြောင်း၊ စစ်ဘေးရှောင် ပြည်သူ ၂ ဦးကို ပစ်သတ်၍ သေနတ်ဒဏ်ရာရ အမျိုးသမီးများ အပါအဝင် အမျိုးသမီးများကို ဓားစာခံအဖြစ် ဖမ်းခေါ် သွား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ စစ်တပ်သည် ထန်းတောရွာတွင် ညအိပ်တပ်စွဲခဲ့သည့် စစ်တပ်ဖြစ်ပြီး ယနေ့ နံနက် ၈ နာရီ ၅၃ မိနစ် အချိန်တွင် ကူနီရွာနှင့် ရေယှားရွာကြားရှိ စစ်ရှောင် ၂၀၀ ဝန်းကျင်ခန့် တိမ်းရှောင်နေသော စခန်းနေရာသို့ ပစ်ခတ်ဝင် ရောက်ခဲ့ကြောင်း၊ ပြည်သူအမျိုးသား ၂ ဦးကို ပစ်သတ်ပြီး သေနတ်မှန် ထားသော အမျိုးသမီးများနှင့် အခြားဓားစာခံပြည်သူအမျိုးသမီးများကို ဖမ်းဆီးခေါ်သွားခြင်းဖြစ်သည်ဟု သိရှိရသည်။

ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားသော အဆိုပါ စစ်ကောင်စီ စစ်ကြောင်း သည် လက်တလောတွင် နေရင်းရွာဘက်ကို ဦးတည်ထွက်ခွာနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

စစ်တပ်က ချင်းယားရွာကိုလည်း ယနေ့ နံနက် ၆ နာရီ ၈ မိနစ်ခန့်မှ စတင်၍ ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး မိုးဖြူရွာကို နံနက် ၉ နာရီဝန်းကျင်မှစ၍ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article