34 C
Yangon

ရေစကြိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က တစ်ရက်တည်း မီးရှို့ဖျက်ဆီး

Must read

ရေစကြိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က တစ်ရက်တည်း မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၂၆

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ တစ်ရက်တည်း မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာ်သို့ ပြောဆိုသည်။

မေ ၂၆ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က ရေစကြိုမြို့နယ်ရှိ ကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီး ခဲ့ပြီး လက်ရှိချိန်တွင် ကျေးရွာ ၅ ရွာ မီးရှို့ဖျက်ဆီးခံထားရကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာများမှာ မိဖုရားရွာ၊ လှေခုတ်ရွာ၊ နွယ်နီကျေးရွာ၊ ဆင်တဲရွာနှင့် ပေါက်အူရွာတို့ဖြစ်ကြောင်း သိရှိရသည်။

“နံနက်ပိုင်းက စပြီး စစ်ခွေးတွေက မီးရှို့နေတာ နံနက်ပိုင်းက မိဖုရားရွာ ညနေပိုင်းမှာ ဆင်တဲ၊ ကြွယ်ကုန်း၊ နွယ်နီ၊ ပေါက်အူကိုရှို့နေတာပါ။ မီးရှို့ခံရတဲ့ အိမ်ခြေ မသိသေးဘူးခင်ဗျ၊ ခွေးတွေ ရှိနေတုန်းမို့” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆင်တဲရွာ၊ ကြွယ်ကုန်းရွာ၊ နွယ်နီရွာ၊ ပေါက်အူရွာတို့ကို ဝင်‎ရောက် မီးရှို့ ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article