28 C
Yangon

ရေစကြိုမြို့နယ်၊မြေတော်ကျေးရွာနှင့် ရေယှားရွာများကို စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီး

Must read

ရေစကြိုမြို့နယ်၊မြေတော်ကျေးရွာနှင့် ရေယှားရွာများကို စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၂၇

မကွေးတိုင်း ရေစကြိုမြိုန့ယ်၊ မြေတော်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ မေ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် လက်ရှိတွင် မြေစွန်းရွာသို့ ရောက်ရှိနေကြာင်း ဒေသပြည်သူများက ပြောကြားသည်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်း ဒေသကို ဒုတိယနေ့ အဖြစ် မြေတော်ရွာ၊ ဆည်သည့်မြင်ရွာ၊ မြေစွန်းရွာ၊ ကိုင်းရွာ ရေယှားရွာတွေကို စစ်တက်က မီးထပ်ရှို့နေတယ်။ ခုမနက် ခွေးတွေက အဲဒီရွာကို မီးရှို့ပြီး ထွက်သွားတာပါ။ မြေတော်က အိမ်ခြေ ၆၀၀ လောက်ရှိမယ်ဗျ။ ခွေးတွေက ဆင်သည့်မြင်ရွာ၊ အဲဒီကတစ်ဆင့် ခု မြေစွန်းရွာ ရောက်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲ၍ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်​ကြောင်း၊ မြေတော်ကျေးရွာကို ဝင်ရောက်မီးရှို့သည့် စစ်ကြောင်းအပြင် နောက်စစ်ကြောင်းတစ်ခုမှာ ယနေ့ နံနက်ပိုင်းတွင် ပေါက်အူကျေးရွာမှတစ်ဆင့် ရေယှားရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“နောက်တစ်ကြောင်းက ပေါက်အူ၊ ပေါက်တောကနေ ရေယှားကို ဝင်ပစ်ပြီး မီးရှို့နေပါတယ်။ ပေါက်အူကနေ ခုမနက်မှ ထွက်ပြီး ရေယှားကို ဝင်ရှို့တာပါ။ မြေတော်က တစ်ကြောင်း၊ ရေယှားက တစ်ကြောင်းပါ။ အဲဒီ ၂ကြောင်းအလယ်က မင်းရွာမှာ အထိုင်ချနေတဲ့ စစ်ခွေးတွေ ရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က မေလ ၂၆ ရက်နေ့ ဆင်တဲ့၊ ကြွယ်ကုန်၊ နွယ်နီ၊ ပေါက်အူ ၊ မိဖုရွားရွာစသည့် ကျေးရွာများကို ဝင်ရောက် မီးရှို့ဖျက်ဆီးပြီး မိဖုရားရွာမီးရှို့ခံရမှုတွင် အိမ် ၄ လုံးနှင့် ပဲမှော်စင်တစ်လုံးပါသွားကြောင်း၊ ကျန်ရွာများ၏ မီးလောင်ပျက်စီးသည့် အခြေအနေကို မသိရှိရသေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ပုံစာ – ယနေ့ စစ်တပ်၏ မီးရှို့မှု ခံရသည့် မြေတော်ကျေးရွာနှင့် မီးရှို့ဖျက်ဆီးခံရသည့် မိဖုရားရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article