28 C
Yangon

ရေးမြို့နယ်တွင် ၂ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၁၇ ဦးသေဆုံးနိုင်ပြီး လက်နက်ခဲယမ်းအတွက် ပြည်သူများ ကူညီရန် ကျားဖြူစစ်ကြောင်း မေတ္တာရပ်ခံ

Must read

ရေးမြို့နယ်တွင် ၂ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၁၇ ဦးသေဆုံးနိုင်ပြီး လက်နက်ခဲယမ်းအတွက် ပြည်သူများ ကူညီရန် ကျားဖြူစစ်ကြောင်း မေတ္တာရပ်ခံ

ရန်ကုန်၊ မေ ၂၂

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝါဘသဲကျေးရွာအနီးသို့ စစ်ကြောင်း ထိုးဝင်ရောက် လာသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး မဟာမိတ်တပ်များက တိုက် ခိုက်ခဲ့ရာ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၁၇ ဦးသေဆုံးနိုင်ကြောင်း ကျားဖြူ စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

မေလ ၁၉ ရက်နေ့ ရေးမြို့နယ်၊ ဝါဘသဲကျေးရွာအနီးသို့ စစ်ကြောင်းထိုးဝင် ရောက်လာသော အကြမ်း ဖက်စစ်ကြောင်းကို မေလ ၁၉ ရက်နေ့ ညနေပိုင်းနှင့် မေလ ၂၀ ရက်နေ့ နံနက်ပိုင်းတို့တွင် ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၅ နာရီနီးပါး ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၇ ဦးသေဆုံးနိုင်ကြောင်း၊ ယင်း တိုက်ပွဲအတွင်း ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက်စစ်သားများကို လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့ ကြောင်း သိရသည်။

“စစ်ကောင်စီက အင်အား ထပ်မံ ဖြည့်လာလို့ ခုခံတိုက်ခိုက်ဖို့ ကျည်များစွာ အရေးပေါ်လိုအပ်နေပါတယ်၊ ထိတွေ့တိုက်ပွဲမှာ အထိနာပြီး ဆုတ်ပြေးတဲ့ စစ်ကြောင်းနောက်ကိုလည်း လိုက်ပြီး ပိတ်ဆို့တိုက်ခဲ့တာ ကျည် တစ်ထောင် ကျော်နဲ့လက်နက်ငယ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်၊ အဲဒါကြေင့် မိဘပြည် သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ကျားဖြူ စစ်ကြောင်း မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်ကျော်ဟိန်း ဦးဆောင်ပေးနေတဲ့ ကျားဖြူ စစ် ကြောင်း ( ၂)မှ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး လက်ချောင်းများ ဒဏ်ရာရရှိခဲ့ပြီး ကျန်ရဲဘော်များ အထိ အခိုက် မ ရှိခဲ့ကြောင်း၊ ယခုအခါအကြမ်းဖက်စစ်တပ်မှ အင်အား ၂၅၀ ခ န့်ဖြည့်တင်းကာ ထပ်မံ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေသော ကျားဖြူစစ်ကြောင်းကို လက်နက်ခဲယမ်း အတွက် ကူညီလိုပါက https://www.facebook.com/profile.php?id=100075860273190 ကို ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article