31 C
Yangon

လားရှိုးမြို့တွင် လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးမှု၊ ခိုးမှုများ ကျူးလွန်ခဲ့သည့် စစ်တပ်၏ မန်ပန် ပြည်သူ့စစ် အဖွဲ့ဝင် ၁ ဦးအပါအဝင် ၄ ဦးကို MNDAA က သေဒဏ်ချမှတ်

Must read

လားရှိုးမြို့တွင် လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးမှု၊ ခိုးမှုများ ကျူးလွန်ခဲ့သည့် စစ်တပ်၏ မန်ပန် ပြည်သူ့စစ် အဖွဲ့ဝင် ၁ ဦးအပါအဝင် ၄ ဦးကို MNDAA က သေဒဏ်ချမှတ်

ရန်ကုန်၊ မေ ၄

ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးမှု၊ ခိုးမှုများ ကျူးလွန်ခဲ့သည့် စစ်တပ်၏ မန်ပန် ပြည်သူ့စစ် အဖွဲ့ဝင် ၁ ဦးအပါအဝင် ၄ ဦးကို MNDAA က သေဒဏ်ချမှတ်ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် The Kokang ထံမှ သိရသည်။

မေလ ၁ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ် အထူးဒေသ ၁ အုပ်ချုပ်ရေးအဖွဲ့ ယာယီ တရားရုံးက စီရင်ချက်ချခြင်းဆိုင်ရာ အစည်းအဝေးကို မူပန်းခရိုင် တစ်နေရာ၌ ကျင်းပပြုလုပ်ပြီး သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သေဒဏ်ချမှတ်ခံရသူ ၄ ဦးမှာ ရှိဝေ့ယုံ၊ ကော်‌ရှောက်ဝေ၊ ရှိဝေ့ချန်နှင့် ကော်ရှောက်ခွမ် တို့ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မှ မတ်လ ၁၇ ရက်နေ့ အတွင်း ဖမ်းဆီးရမိခဲ့​ကြောင်း၊ ရှိဝေ့ယုံသည် အကြမ်းဖက် စစ်တပ်၏ မန်ပန်ပြည်သူ့စစ် အဖွဲ့ဝင်ဖြစ်ပြီး အမှုကျူးလွန်သူ အဓိကတရားခံဖြစ်ကြောင်းသိရသည်။

အဆိုပါ တရားခံ ၄ ဦးသည် ထွက်ပြေး တိမ်းရှောင်နေသည့် တရားခံပြေးများ နှင့်အတူ လုယုက်မှု၊ ပြန်ပေးဆွဲမှု ၊ လူသတ်မှု စသည့် အမှု ၂၅ မှုတို့ကို စီမံကျူးလွန်ခဲ့ကြောင်း၊ ထို့ပြင် တရားခံများသည် တရုတ်ငွေ ၄.၇၇ သန်း နှင့် မြန်မာငွေ ၇၄၅၁ သန်း အပါအဝင် မော်တော်ယာဥ် CROWN ၅ စီး၊ VO ၁ စီး ၊ Lexus ၁ စီး၊ TOYOTA ၁ စီး၊ Land Cruiser ၁ စီး၊ လက်စွပ် ၂ ခုတို့ကို ပြန်ပေးမှု၊ ဓားပြမှု၊ ခိုးမှုများ ကျူးလွန်ပြီး ရယူခဲ့ကြောင်း ကျန်ရှိ ပစ္စည်းများကိုလည်း ထပ်မံ ရှာဖွေနေကြောင်း သိရသည်။

ယင်း ပြစ်မှုကျူးလွန်သူ ၄ ဦးကို သေဒဏ် စီရင်ပြီးနောက် ၎င်းတို့ ပြစ်မှုကျူးလွန်ပြီး ရယူခဲ့သည့် ပစ္စည်းများကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းသွားမည် ဖြစ်ကြောင်း The Kokang က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article