35 C
Yangon

လီလီနိုင်ကျော် သတင်းအောက်တွင် မှတ်ချက်ရေးကြသည့် ပြည်သူများအနေ ဖြင့် စစ်လော်ဘီ(စခ)များ ၏ အန္တရာယ်မှ ကင်းဝေးစေရေး Facebook Account များကို Locked ချကြရန် ထပ်မံ အထူးသတိပေးနှိုးဆော်ချက်

Must read

လီလီနိုင်ကျော် သတင်းအောက်တွင် မှတ်ချက်ရေးကြသည့် ပြည်သူများအနေ ဖြင့် စစ်လော်ဘီ(စခ)များ ၏ အန္တရာယ်မှ ကင်းဝေးစေရေး Facebook Account များကို Locked ချကြရန် ထပ်မံ အထူးသတိပေးနှိုးဆော်ချက်

===========================================

အကြမ်းဖက်စစ်လော်ဘီ(စခ)များသည် ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြထားသော လီလီနိုင်ကျော် ပစ်ခတ်ခံရသည့် သတင်း များအောက်တွင် Comment ပေးသူများကို နာမည်နှင့်တကွ လိုက်လံ စုံစမ်း၍ ဖမ်းဆီးခိုင်းခြင်း၊ ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်း ဥပဒေမဲ့ မတရားသော လုပ် ဆောင် ချက်များ လုပ်ဆောင်နေပါသဖြင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ လူမှုကွန်ရက် Facebook Account များကို သူငယ်ချင်း မဟုတ်သည့် အခြားသူများ (အထူးသဖြင့် စခများ) ဝင်ရောက် ကြည့်ရှုခြင်းမပြုနိုင်ရန် Facebook Account Locked ချ ထားကြပါရန် အရေးပေါ် ထပ်မံ အထူးနှိုးဆော်အပ်ပါသည်။

စစ်လော်ဘီ(စခ) တယ်လီဂရမ်စာမျက်နှာများဖြစ်သည့် Han Nyein Oo ၊ Kyaw Swar ၊ Ba Nyunt ၊ တပ်ကြပ်ကြီးဖိုးစီ၊ တပ်ကြပ်ကြီး ဖိုးကွန်း၊ စစ်သွေး ၊ Justice Seeker Group ၊ Thit Lwin အပါအဝင် စခများက မိဘပြည်သူများ Facebook Account များကို Locked မချထားလျှင် ဝင်ရောက် ကြည့်ရှု၍ ဖမ်းဆီးခိုင်းခြင်း၊ ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်း ဥပဒေမဲ့ မတရားသော လုပ် ဆောင် ချက်များ လုပ်ဆောင်နေပါသည်။

Facebook Account Locked မချထားသဖြင့် အကြမ်းဖက် စစ်လော်ဘီ(စခ) များက ဝင်ရောက်ကြည့်ရှုပြီး ဖမ်းဆီးခံရမှု တချို့ရှိလာ၍ အရေးပေါ် သတိပေးရခြင်းဖြစ်ပါသည်။

မိဘပြည်သူများနှင့်အတူ ရပ်တည်လျက် အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေးတွင် ဆက်လက် ပါဝင်နေမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အယ်ဒီတာအဖွဲ့

ရန်ကုန်ခေတ်သစ်သတင်းဌာန

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article