32 C
Yangon

လောက်ကိုင်တွင် BGF အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံး

Must read

လောက်ကိုင်တွင် BGF အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၇

ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ တုံချိန်အရပ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် လောက်ကိုင်မြို့ တုံချိန်အရပ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF အချင်းချင်း အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးကြောင်း သိရသည်။

” လောက်ကိုင်မှာ အချင်းချင်းပစ်ကြတာ BGF တွေ လောက်ကိုင်မြို့ တုံချိန်မှာ ဒီနေ့ မွန်းလွဲပိုင်းက ဖြစ်တာပါ။ ပိုက်ဆံ ကိစ္စတွေ မှောင်ခို ကိစ္စတွေနဲ့ ဖြစ်တာ ၁ ကောင်သေတယ်။ ရဲတွေက ကားနဲ့ လာတင်သွားတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article