29 C
Yangon

သပိတ်ကျင်းမြို့နယ်၊ ဆူးတောရွာကို မီးရှို့ပြီး ပြန်လာသည့် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး

Must read

သပိတ်ကျင်းမြို့နယ်၊ ဆူးတောရွာကို မီးရှို့ပြီး ပြန်လာသည့် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၄

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဆူးတောရွာကို မီးရှို့ပြီး ပြန်လာသည့် စစ်တပ်များလိုက်ပါလာသော ဖောကား ၂ ဦးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် (ပကဖ) – ကြာညှပ်မှ ရဲဘော် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ဆူးတောကျေးရွာကို မီးရှို့ပြီး ဖောကား ၂ စီးဖြင့် ပြန်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း​ကို တွင်းငယ်ရွာအနီး ပဒေသာမိုင်းဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်မှ စောင့်ကြို ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကား ၂ စီးလုံး ထိုးရပ်သွားကာ စစ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

” စစ်ခွေးက ၄ ကောင်ထက်မနည်း သေဆုံးတယ်။ နောက်တစ်ခု ပြောချင်တာက ကျွန်တော်တို့ တပ်ဖွဲ့တွေ မိုးတွင်းအတွက် ရပ်တည်ရေး ကိစ္စမှာ ခက်ခဲဖြစ်နေလို့ မိဘပြည်သူတွေအနေနဲ့ ကူညီပေးပါလို့ မေတ္တာရပ်ခံပါတယ်” ဟု သပိတ်ကျင်းမြို့နယ် (ပကဖ) – ကြာညှပ်မှ ရဲဘော် တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article