36 C
Yangon

သံတောင်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၁၃ ဦးသေဆုံး၊ ခင်ဦးတွင် စစ်ကြောင်းနှင့် ရိက္ခာကားကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

သံတောင်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၁၃ ဦးသေဆုံး၊ ခင်ဦးတွင် စစ်ကြောင်းနှင့် ရိက္ခာကားကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ မေ ၃၁

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ သံတောင်မြို့၊ သင်္ချိုင်းကုန်းအနီးတွင် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်တစ်ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ကြောင်း People Defence Force – Thandaung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၉ ရက် ညနေ ၅ နာရီ မိနစ် ၂၀ က လမ်းကင်းယူပြီးပြန်လာသော အကြမ်းဖက်စစ်သားများကို သံတောင်မြို့၊ သင်္ချိုင်းအနီးအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ၂ ပွင့်ဗိုလ်တစ်ဦး အပါအဝင် ၁၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်ဖးက်စစ်တပ်မှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People Defence Force – Thandaung တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ရိက္ခာကားကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Khin U Specialforce Organization _ KSO အဖွဲ့က ပြောဆိုသည်။

မေလ ၃၀ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် ခင်ဦးမြို့ အင်းပတ်ကွေ့ဈေးတန်း၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်သား ၁၀ ဦးခန့်သည် အင်းပတ်ကွေ့တောင်ဘက် ကြက်ခြံ အနီးထိ ဓာတ်မီးများဖြင့် ခြေလျင်တိုးလာစဥ် KSO တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများက ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် မိုင်း ၄ လုံးတွဲ ထပ်မံ ပေါက်ကွဲကာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယနေ့ မေလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ရေဦးမြို့မှ အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်း အထိုင်ချထားသော စစ်သားနှင့် ပျုစောထီးများ နှင့် ရွာသစ်ကုန်း ပျူစောထီးများ ပူးပေါင်းကာ ရေဦး-ခင်ဦး ကားလမ်းပိုင်းရှိ မူးတိမ်ချောင်း တံတားသို့ ပျဥ်ထောင်ပျူရွာပျူစောထီးများမှ လှည်းအစီးရေ ၂၀ ကျော်ဖြင့် လာပို့သော စပါး အပါအဝင် ရိက္ခာကား ၈ စီးဖြင့် သယ်ယူနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက Drone ဖြင့် ဗုံးသီး ၈ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သားမျာစ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သနရသည်။

အဆိုပါ တိုက်ခိုက်မှုကို Khin U Specialforce Organization_KSOနှင့်အတူ Fire Dragon (Khin U) ၊ Khin U Local Guerilla Force(KUGF)၊ D. U. G. F(khin U)၊ Wolf Guerrilla Force(YE U)၊ Burmese Revolutin Youths နှင့် အခြား မဟာမိတ် အဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article