26 C
Yangon

သံတောင်မြို့ရှိ ရဲစခန်း၊ ၁၃ မိုင် ဂိတ်နှင့် စစ်တပ် ကင်းပုန်းတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ ရွှေဘို-ခင်ဦး-မြစ်ကြီးနား လမ်းဆုံတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး

Must read

သံတောင်မြို့ရှိ ရဲစခန်း၊ ၁၃ မိုင် ဂိတ်နှင့် စစ်တပ် ကင်းပုန်းတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ ရွှေဘို-ခင်ဦး-မြစ်ကြီးနား လမ်းဆုံတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၆

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ သံတောင်မြို့ရဲစခန်း၊ ၁၃ မိုင်ဂိတ်နှင့် မြို့အဝင်ဂိတ်ရှိ ကင်းပုန်းစစ် သားများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ ၇ ဦးသေဆုံးပြီး အချုပ်သား ၂ ဦးထွက်ပြေးလွတ် မြောက် သွားကြောင်း People Defence Force Thandaung တပ်ဖွဲ့ထံမှ သိရသည်။

မေလ ၂၄ ရက် ည ၆ နာရီ မိနစ် ၅၀ ခန့်တွင် သံတောင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲစခန်း ရှိလက်နက်တိုက်နှင့် အချုပ်ခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်တိုက်နှင့်အချုပ် ခန်းထိခိုက်ပျက်စီးပြီး ရဲ ၂ ဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ အချုပ်ခန်းအတွင်း မတရား ဖမ်းဆီးခံထားရသော လူငယ်တစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

မေလ ၂၂ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်က သံတောင်မြို့နယ်၊ ၁၃ မိုင်ရှိ အကြမ်းဖက်စစ်တပ်စခန်း နှင့် သံတောင်မြို့အဝင်ဂိတ်အနီး၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ တပ်စခန်းတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီးမြို့အဝင်ဂိတ်တိုက်ပွဲတွင် အ ကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘို-ခင်ဦး-မြစ်ကြီးနား လမ်းဆုံတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Armed Revolutionary Force – KU အဖွဲ့ထံမှ သိရသည်။

မေလ ၂၅ ရက်နေ့တွင် ရွှေဘို-ခင်ဦး-မြစ်ကြီးနား လမ်းဆုံတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့​ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြေနီလျိုကျေးရွာကို မီးရှို့ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရသေးကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ယနေ့ မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘိုလေ့ကျင့်ရေးတပ်သို့ ဦးတည် ထွက်ခွာသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article