34 C
Yangon

ဟင်္သာတမြို့နယ်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီး အောင်ထိုက် ပစ်ခတ်ခံရပြီး သေဆုံး၊ တစ်မြို့လုံးကို ပိတ်ဆို့စစ်ဆေးနေ

Must read

ဟင်္သာတမြို့နယ်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီး အောင်ထိုက် ပစ်ခတ်ခံရပြီး သေဆုံး၊ တစ်မြို့လုံးကို ပိတ်ဆို့စစ်ဆေးနေ

ရန်ကုန်၊ မေ ၆

ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) မှ တပ်ကြပ်ကြီး အောင်ထိုက် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၅ ရက်နေ့ ည ၇ နာရီအချိန် ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်၏ စရဖ တာဝန်ခံ တပ်ကြပ်ကြီး အောင်ထိုက်သည် ဟင်္သာတနတ်မှော် ကားလမ်းအတိုင်း ဟင်္သာတမှ နေအိမ်ရှိရာ ကုန်းကြီးကျေးရွာသို့ တစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်ပြန်လာစဉ် ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီးသို့အရောက် သေနတ်သမားက သေနတ် ဖြင့် ၅ ချက် ပစ်ခတ်ခဲ့ကြောင်း၊ တပ်ကြပ်ကြီး အောင် ထိုက်မှာ ဝဲနားထင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တည်းဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“အခု ဟင်္သာတမြို့ကိုရော ကုန်းကြီးကျေးရွာကိုရော စစ်ခွေးနဲ့ရဲခွေးတွေက ပိတ်ဆို့ထားတယ်။ ဘယ်သူကိုမှ အပြင် မပေးမထွက်ဘူး။ ဖြစ်တာက မနေ့ညကတည်းကကို အခုမနက်အထိ အကုန်ပိတ်ဆို့စစ်ဆေးနေတာ။ အဲဒီစရဖ အောင် ထိုက်က ပြည်သူတွေကို အပြစ်မရှိ အပြစ်ရှာ နိုင်ငံရေးမှုနဲ့ ဖမ်းပြီး ငွေညှစ်နေသူပဲ” ဟု ဟင်္သာတမြို့ခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ညအချိန် ဟင်္သာတမြို့ကို စစ်ဆေးရေးလုပ်နေသော အကြမ်းဖက်ရဲများ။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article