40.9 C
Yangon

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့် တရုတ်စစ်ထောက်လှမ်းရေး ခေတ္တညွှန်ချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံ

Must read

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့် တရုတ်စစ်ထောက်လှမ်းရေး ခေတ္တညွှန်ချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံ

ရန်ကုန်၊ မေ ၃၁

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့် တရုတ်စစ်ထောက်လှမ်းရေး ခေတ္တညွှန်ကြားရေးမှူးချုပ် Major General Yang Yang တို့ နေပြည်တော်တွင် တွေ့ဆုံကြောင်း အကြမ်းဖက်စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။

မေလ ၃၀ ရက်နေ့ နေပြည်တော်တွင် တရုတ်ဗဟိုစစ်ကော်မရှင်၊ ပူးတွဲစစ်ဦးစီးဌာန၊ ခေတ္တစစ်ဘက်ထောက်လှမ်း ရေးညွှန်ကြားရေးမှူးချုပ် Major General Yang Yang က အကြမ်းဖက်စစ်ခေါင်းဆောင်စိုးဝင်းကို လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေး ဆွေးနွေးကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် တရုတ်အစိုးရက AA ၊ TNLA နှင့် MNDAA တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ရပ်ကို မိုင်းလားဒေသတွင် ကမကထပြု ကျင်းပရန် ပြင်ဆင် နေချိန်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article