28 C
Yangon

အခေါက်ရွှေ တစ်ကျပ်သား သိန်း ၃၀ ကျော်လာချိန် ရွှေစျေးကွက်တွင် ငွေကျပ် သိန်းပေါင်း ၇၅၀၀၀ ကျော် ရွှေများ လိမ်လည်မှုဖြစ်ပွား

Must read

အခေါက်ရွှေ တစ်ကျပ်သား သိန်း ၃၀ ကျော်လာချိန် ရွှေစျေးကွက်တွင် ငွေကျပ် သိန်းပေါင်း ၇၅၀၀၀ ကျော် ရွှေများ လိမ်လည်မှုဖြစ်ပွား

ရန်ကုန်၊ မေ ၂၇

ပြည်တွင်းရွှေစျေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သား ငွေကျပ်သိန်း ၃၀ ကျော် လာချိန် ရွှေစျေးကွက်တွင် သိန်းပေါင်း ၇၅၀၀၀ ကျော်တန်ဖိုးရှိ အခေါက် ရွှေများ လိမ်လည်မှုဖြစ်ပွားကြောင်း ရန်ကုန်ရွှေစျေးကွက်အတွင်းမှ သိရှိရသည်။

စစ်ကောင်စီထံတွင် အမေရိကန်ဒေါ်လာ ငွေ နည်းပါးလာချိန် ဒေါ်လာ ပြတ်လပ်များရှိလာကြောင်း၊ ယင်းသို့သော အခြေအနေများကြောင့် အမေရိကန် တစ်ဒေါ်လာလျှင် ၂၈၅၀ ကျပ်ဝန်းကျင် ရှိနေရာမှ ယခုအခါ ၂၉၀၀ ကျော်လာ ပြီး မေလ ၂၆ ရက်နေ့ တွင် အမေရိကန်တစ်ဒေါ်လာ ၂၉၅၀ ကျပ် ရှိလာ ကြောင်း၊ ဒေါ်လာစျေးမြင့်တက်လာသဖြင့် ရွှေစျေးမှာလည်း မြင့်တက်လာ ကြောင်း၊ လက်ရှိတွင် အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၃၁ သိန်း နီးပါးရှိလာ ကြောင်း သိရှိရသည်။

“မနေ့က အခေါက်ရွှေစျေး ၃၀၇၀၀၀၀ လောက်ရှိတယ်။ အလုပ် သေချာ မလုပ်ရဲ ကြဘူး။ စီမံချက်ရှိတယ်။ တစ်ဒေါ်လာ ငွေကျပ် ၂၉၅၀ ရှိတယ်။ ဒေါ်လာ မြောက် လာတော့ ရွှေလည်း ပါလာတာ။ ဒေါ်လာလိုအပ်ချက် များနေ တယ် ဆို ပြီး အဝယ်လိုက်လာတယ်။ အရောင်းများတယ်။ ဈေးတက် တော့လေ ရွှေအ ရောင်း များလာတယ်” ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၃၁ သိန်းနီးပါး ဖြစ်လာချိန် ရန်ကုန် ရွှေစျေးကွက်တွင် ငွေကျပ် သိန်း ၇၅၀၀၀ ကျပ် တန်ဖိုးရှိ ရွှေများ လိမ်လည်မှု ဖြစ်ပွားကြောင်း သိရှိရသည်။

“ရွှေလောကမှာ သိန်း၇၅၀၀၀လိမ်ပြီးထွက်ပြေးသွားတယ်။ ရွှေရောင်းမယ်ဆိုပြီး ငွေအရင်ယူပြေးသွားတာ လိမ် တာ ကလည်း ရွှေကုန်သည်လူရင်းပဲ။ သူက ရွှေ ကုန်သည်တွေဆီက တစ်ယောက် အပိုင်း၂၀ အပိုင်း၃၀ အရင်ပေးလိုက် ကြတာ။ ကုန်သည်လက်ကြီးက လိမ်လည်တာ” ဟု ရွှေကုန်သည်တစ်ဦးက ပြောဆို သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article