38 C
Yangon

အင်းတော်မြို့နယ်တွင် စစ်တပ် အရာရှိများ ပျော်ပါးရန်အတွက် ကျေးရွာများမှ ၁ ရက်ကို အမျိုးသမီးငယ် ၅ ဦးပေးပို့ရ

Must read

အင်းတော်မြို့နယ်တွင် စစ်တပ် အရာရှိများ ပျော်ပါးရန်အတွက် ကျေးရွာများမှ ၁ ရက်ကို အမျိုးသမီးငယ် ၅ ဦးပေးပို့ရ

ရန်ကုန်၊ မေ ၂၄

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်တပ် အရာရှိများ ပျော်ပါးရန်အတွက် ကျေးရွာများမှ ၁ ရက်ကို အမျိုးသမီးငယ် ၅ ဦး ပေးပို့နေရကြောင်း ABSDF မြောက်ပိုင်းမှထောက်လှမ်းရေး တာဝန်ခံ ကိုစောက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အင်းတော်မြို့နယ်၊ အနောက်ဖက်ခြမ်းရှိ နန့်သာအောင်းကုန်း ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အရာရှိများ ပျော်ပါးရန် အတွက် ကျေးရွာနေ ပြည်သူများက မိန်းကလေးငယ် ၅ ဦးကို ကျေးရွာမှ နေ့စဥ် ပေးပို့နေရကြောင်း သိရှိရသည်။

” ကျေးရွာမှာရှိတဲ့ မိန်းကလေးငယ် ၁ ရက်ကို ၅ ဦး ခြေတော်တင်ဖို့ ပျော်ပါးဖို့အတွက် ကျေးရွာမှာရှိတဲ့ အစိမ်း ထောက်ခံတဲ့ သူတွေက ကိုယ့်ရွာသူ ရွာသားတွေရဲ့ မျက်နှာမှ မထောက် သူများ သားပျို သမီးပျိုတွေကို ဒီလိုဖျက်လို့ဖျက်ဆီးလုပ်တာ တော်တော်ရင်နာစရာလည်းကောင်းတယ်။ တော်တော်စိတ်နာစရာလည်းကောင်းပါတယ်။ ဘယ်သော အခါမှ ဒါမျိုးတွေ မဖြစ်စေရဘူး” ဟု ABSDF မြောက်ပိုင်းမှထောက်လှမ်းရေး တာဝန်ခံ ကိုစောကပြောဆိုသည်။

ကျေးရွာသူ ကျေးရွာသားများသည် ရွာကို အန္တရာယ် ပြုမည် စိုးရိမ်သောကြောင့် အဆိုပါ ဖြစ်ရပ်ကို မတိုင်တန်းရဲဘဲ ကြိတ်မှိတ် ခံစားနေရသည်ကို မကြည့်ရက်သောကြောင့် တပ်တွင်း သတင်းပေး ၁ ဦးမှ တိုင်ကြားလာသည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့်အရှက်တရား၊ ဂုဏ်သိက္ခာတို့ကို ကာကွယ်ပေးရန်အတွက် ABSDF စစ်ကြောင်းမှ မဟာမိတ်ညီနောင်များနှင့် ပူးပေါင်းကာ သွားရောက်လှုပ်ရှားခဲ့ရခြင်းဖြစ်ပါတယ်။

” ကျွန်တော်တို့ အင်းတော်မှာ စစ်ကြောင်းထိုးရတဲ့ ရည်ရွယ်ချက်ကလည်း ပြည်သူတွေပေါ်မှာ အရည်းကြီး ဆန်ဆန် ကျင့်သုံးနေတဲ့ ပြည်သူတွေအပေါ်မှာ အနိုင်ကျင့်နေတဲ့ ကာမနဲ့ ပတ်သက်ပြီးတော့ လိင်ကျွန်တွေ ပြုမူနေတဲ့ ကျေးရွာတွေကို ကျေးရွာအမျိုးသမီးငယ်တွေ အပေါ်မှာ လိင်ကျွန်ပုံစံမျိုး ဆက်ဆံနေတဲ့ စစ်ကောင်စီဟာ ဖက်ဆစ်ထက် ဆိုးဝါးတဲ့ တစ်ကယ်ကို အရိုင်းဆန်တဲ့ တကယ်ကို ဆိုးဝါးတဲ့ စစ်ကောင်စီကို တားဆီးဖို့အတွက် ကျွန်တော်တို့ စစ်ရေး လှုပ်ရှား ရခြင်းဖြစ်တယ်” ဟု ABSDF မြောက်ပိုင်းမှထောက်လှမ်းရေး တာဝန်ခံ ကိုစောက ထပ်မံ ပြောဆိုသည်။

လက်ရှိချိန်တွင် အင်းတော်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ABSDF၊ PDF ပူးပေါင်း တပ်ဖွဲ့များ အကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးသူ များပြားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article