28 C
Yangon

အင်းတော်မြို့နယ်၊ ကျွန်းတောရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု အဖွားအို ၁ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံးကာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့ ပျက်စီး

Must read

အင်းတော်မြို့နယ်၊ ကျွန်းတောရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု အဖွားအို ၁ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံးကာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့ ပျက်စီး

ရန်ကုန်၊ မေ ၂၆

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်တိတ်ဒေသ၊ ကျွန်းတောကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေ ယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၉၃ နှစ် အရွယ် အဖွားအို ၁ ဦးနှင့် PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၅ ရက် နံနက် ၁၀ နာရီခန့်က ကျွန်းတောရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှ ဗိုလ်တစ်ဦးအပါအဝင် ၂၀ ခန့် သေဆုံးပြီး အထိနာသွားသော အကြမ်းဖက် စစ်တပ်သည် ကျွန်းတောကျေးရွာအတွင်း ဝင်ရောက် တပ်စွဲပြီးနောက် တိုက်လေယာဉ် ၂ စီးဖြင့် ပြည်သူလူထု နေထိနေအိမ် များ နှင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများကို ဗုံးသီး ၂၆ လုံးကျဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်းတောရွာပေါ်ကို တမင်ကျဲချတာ၊ မနက် ၁၀ နာရီလောက်မှာ တစ်ကြိမ်၊ ညနေ ၃နာရီလောက်မှာ တစ် ကြိမ်၊ လေယာဉ် ၂ စီးနဲ့ ဗုံးသီး ၂၆ လုံးပဲ၊ နေအိမ်၊ ဘုန်းကြီးကျောင်း၊ စာ သင်ကျောင်း၊ ဆန်စက်တွေ ပျက်စီး တယ်၊ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ အဖွားတစ်ဦး သေတယ်၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးလည်း ကျ ဆုံးတယ်၊ တခြားပြည်သူတွေ ထိခိုက်မှုတော့ မကြားရဘူး၊ စစ်ခွေးတွေ အထိနာလို့ ကျဲချတာ” ဟု Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တိုက်ပွဲအတွင်း သေဆုံးသွားသော အကြမ်းဖက်စစ်ဗိုလ်နှင့် ဒဏ်ရာရရှိသော စစ်သားများကို ရွာသာယာရွာမှ ၄ လုံးထိုး မြေသယ်ကားဖြင့် အင်းတော်မြို့ စစ်တပ်ကုန်းသို့ သယ်ဆောင်သွားကြောင်း၊ အခြားအဆင့် စစ် သားများကို နေရာမှာပင် မြှုပ်နှံသင်္ဂြိုလ်လိုက်ကြောင်း၊ ကျန်ရှိနေသော အကြမ်းဖက်စစ်သားများမှာ ကျွန်း တော ကျေးရွာအတွင်း၌ပင် ရှိနေသေးကြောင်း သိရသည်။

မတ်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တွင်လည်း အင်းတော်မြို့နယ်၊ ရွာသာယာကျေးရွာအနီး၌ ယင်း အကြမ်းဖက် စစ်သားများကို ABSDF၊ PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အထိနာခဲ့သဖြင့် အကြမ်း ဖက်စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့ရာ ရွာသာယာဘုန်းကြီးကျောင်း ထိခိုက် ပျက်စီးခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article