34 C
Yangon

အင်းတော်မြို့နယ်၊ မော်တိတ်ဒေသတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲနေ

Must read

အင်းတော်မြို့နယ်၊ မော်တိတ်ဒေသတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲနေ

ရန်ကုန်၊ မေ ၂၃

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်တိတ်ဒေသ၊ ရွာသာယာရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ နေကြောင်း Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၂၃ ရက် နံနက်ပိုင်းက နန့်သာရွာ၌ ၂ လကျော်ကြာတပ်စွဲထားသော အကြမ်းဖက်စစ်သား များနှင့် အင်းတော်မြို့မှ ထပ်မံအင်အားဖြည့်ထားသော အကြမ်းဖက်စစ်တပ်သားသည် နန့်သာကျေးရွာမှ ရွာသာရွာဘက်သို့ ထွက်ခွာလာစဉ် ABSDF ၊ PDF ပူပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ ရှေ့ပွိုင့်တစ်ခုလုံး သေဆုံးသွားပြီး အထိနာက တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးသီး ၁၅ လုံးကျဲချကာ အင်းတော်မြို့ စစ်တပ် ကုန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နန့်သာကနေ ရွာသာယာရွာကို သွားတဲ့လမ်းကြောင်းမှာ ဖြစ်တာပါ၊ စစ်ခွေးတွေ ဘယ်နှစ်ကောင် သေ တယ် ဆိုတာ အတိအကျ မသိရဘူး၊ ရှေ့ပွိုင့်တစ်ခုလုံးကတော့ ပြုတ်သွားတယ်၊ ကျန်တဲ့ဟာ ဘယ် လောက်ထိလဲ မသိရသေးဘူး၊ အဲဒါကြောင့် တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးလာကျဲတာ၊ ရဲဘော် ၂ ယောက် တော့ ထိသွားတယ်” ဟု Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းမှာ အင်အား ၁၀၀ ခန့်ပါ တပ်မ ၇၇ တပ်ဖွဲ့နှ့င် အင်အား ၈၀ ခန့်ပါ တပ် ၆၆ လက်အောက်ခံ ခမရ ၄၆၁ တပ်တို့ဖြစ်ပြီး ယနေ့ညပိုင်းတွင် တိုက်ပွဲငြိမ်သက်သွားပြီး အကြမ်းဖက်စစ် သားများမှာ ရွာသာယာရွာကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားကြောင်း၊ ယမန်နေ့ မေ ၂၂ ရက် နံနက် ပိုင်းကကလည်း တိုက်ပွဲဖြစ်ခဲ့သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article