38 C
Yangon

အင်းတော်မြို့နယ်၊ မော်တိတ်ဒေသတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး

Must read

အင်းတော်မြို့နယ်၊ မော်တိတ်ဒေသတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၄

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်တိတ်ဒေသ၊ ရွာသာယာရွာအနီးတိုက်ပွဲတွင် အကြမ်းဖက် စစ် သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ABSDF မြောက်ပိုင်းမှထောက်လှမ်းရေး တာဝန်ခံ ကိုစောက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၃ ရက် နံနက်ပိုင်းက ဗန်းမောက်မြို့နယ်အတွင်းသို့ စစ်ကူပေးရန် နန့်သာရွာမှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ တပ်မ ၇၇ တပ်ဖွဲ့နှ့င် အင်အား ၈၀ ခန့်ပါ တပ် ၆၆ လက်အောက်ခံ ခမရ ၄၆၁ တပ်တို့ကို ရွာသာယာရွာကျေးရွာ နားအရောက် ABSDF ၊ PDF ပူပေါင်းတပ်ဖွဲ့မှ ရင်ဆိုင်တိုက်ပွဲဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၂၂ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်တာ၊အဲနေ့က တော့ ပြောက်ကျားတိုက်ခဲ့တာပေါ့၊ ၂၃ ရက်နေ့ မနေ့ကတော့ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့တာ၊ သေသွားတဲ့ စစ်ကောင်စီအလောင်းတွေကိုလဲ ရွာသာယာရွာထဲကို ဆွဲခေါ်သွားတယ်လို့ မျက်မြင်ပြောသူတွေအရ သိရတယ်။ သူတို့အထိနာတဲ့အတွက် လေယာဥ်ပစ်ကူခေါ်တယ်၊ လက်နက်ကြီးပစ်ကူလုပ်တယ်” ဟု ABSDF မြောက်ပိုင်းမှထောက်လှမ်းရေး တာဝန်ခံ ကိုစောက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

တိုက်ပွဲနေရာပေါ်သို့ အကြမ်းဖက် စစ်တပ်က တိုက် လေယာဉ် ၂ စီးဖြင့် ၈ကြိမ်ဗုံးကျချခဲ့သည့်အပြင်အင်းတော်မြို့ စစ်တပ် ကုန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ထိုသို့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသာယာရွာမှ ဘုန်းတော်ကြီးကျောင်းပျက်စီးခဲ့ကြောင်း၊ အင်းတော် PDF တပ်ရင်း ၂ မှ ရဲဘော် ၂ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article