30 C
Yangon

အရာတော်၊ မကျီးစောက်ရွာရှိ ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ ကျေးရွာနေ ပြည်သူများ ဆေးဝါးနှင့် စားနပ်ရိက္ခာတို့ အရေးပေါ် လိုအပ်နေ

Must read

အရာတော်၊ မကျီးစောက်ရွာရှိ ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ ကျေးရွာနေ ပြည်သူများ ဆေးဝါးနှင့် စားနပ်ရိက္ခာတို့ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ မေ ၂၆

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မကျီးစောက်ရွာရှိ ပြည်သူ တစ်ဦးကို စစ်တပ်က ပစ်သတ်ပြီး နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မကျီးစောက်ရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာနေပြည်သူ မချိုကို ပစ်သတ်ခဲ့ကြောင်း၊ ထို့နောက် ကျေးရွာရှိ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

” အရာတော်မြို့နယ်၊ မကျီးစောက်ရွာမှာ စစ်ခွေးတွေ မီးရှို့လို့ နေအိမ် ၅၀၀ ကျော် မီးလောင်ပြာကျသွားတယ်။ အမျိုးသမီး ၁ ဦးကို စစ်ခွေးတွေက ပစ်သတ်သွားတယ်။ ပျောက်နေတဲ့ သူတွေလည်းရှိတယ်။ အရေအတွက် တော့ မသိရသေးဘူး။ စစ်ခွေးတွေဖမ်းသွားတာလား လူစုကွဲနေတာလား မသိရသေးဘူး။ ဆေးဝါ၊ စားစရာနဲ့ မိုးကာဝံ အရေးပေါ် လိုအပ်နေတယ်။ ပထမအကြိမ် စစ်ခွေးတွေ မီးရှို့သွားတုန်းက ဘာအကူညီမှ မရခဲ့ဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

မကျီးစောက်ရွာသည် အိမ်ခြေ ၆၀၀ ကျော်ခန့်ရှိသော ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကျေးရွာအတွင်း ပထမ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ကာ ယခု ဒုတိယ အကြိမ် မီးရှို့ဖျက်ဆီးခံရသောကြောင့် နေအိမ် ၅၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article