ရေတာရှည်တွင် စစ်တပ်ထောက်ခံသူ ၁ ဦး ပစ်ခတ် ခံရပြီး သေဆုံးမှုကို NLD ထောက်ခံသူ သေဆုံးမှု အဖြစ် စစ်လော်ဘီများက ဝါဒဖြန့်၊ လှိုင်သာယာတွင်လည်း ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး
ရန်ကုန်၊ မေ ၁
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်တပ်ထောက်ခံသူနှင့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁ ရက်နေ့တွင် နံနက် ၉ နာရီခန့်တွင် ရေတာရှည် မြို့နယ်၊ ဆွာရွာမကြီးကျေးရွာနေ စစ်တပ် သတင်းပေး ကူးတို့ လုပ်ငန်း လုပ်ကိုင်သူ ဦးကောက်ကို ရေတာရှည်မြို့နယ် ပကဖက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ၊ ဦးကောက်သေဆုံးမှုကို စစ်လော်ဘီများက NLD ထောက်ခံသူ ပစ်ခတ်ခံရပြီး သေဆုံးဟု သတင်းမှားဖြင့် လိမ်လ်ဝါဒဖြန့်နေသည်ဟု သိရသည်။
သေဆုံးသွားသော ဦးကောက်သည် စစ်တပ် စစ်ကြောင်းများ ကျွေးရွာအတွင်း ဝင်ရောက်လာစဥ်တွင် PDF တပ်ဖွဲ့ဝင်များ ရှိသည့်နေရာကို လမ်းပြပေးခြင်း၊ ကျေးရွာများရှိ PDF ထောက်ခံသူများကို သတင်းပေး ဖမ်းဆီးခိုင်းပြီး မြို့နယ် တစ်ခုလုံးကို ဒုက္ခပေးနေသူ ဖြစ်ကြောင်း သိရသည်။
“ဦးကောက်က စစ်ခွေးတွေနဲ့ ပေါင်းစားပြီး တနယ်လုံးကို ဒုက္ခပေးနေတဲ့ ဒလံ အကြီးစားကြီးပါ။ မြို့နယ် ပကဖကရှင်းလင်းခဲ့တာပါ။ စစ်ခွေးတွေဝင်လာရင် သူက PDF တွေရှိတဲ့ နေရာကို လမ်းပြပေးသည့်အပြင် ကျေးရွာတွေမှာရှိတဲ့ PDF ထောက်ခံသူတွေကိုလည်း သတင်းပေးနေသူပါ။ စစ်ခွေးတွေဝင်လာရင် သူရဲ့ လှေကို စစ်တပ်က ငှား ပြီး PDF တွေရှိတဲ့နေရာကို လမ်းပြပေးသည့်အပြင် ကျေးရွာအတော်များရဲ့ PDF ထောက်ခံသူသတင်းကို စစ်တပ်ဆီ ပေးနေသူပါ။ စစ်လော်ဘီတွေက သတင်းကို ပြောင်းပြန်တင်ပြီး ဆိုက်ဝါးနဲ့ပြန်ရေးထားပြီး ဝါဒဖြန့်နေတယ် ” ဟု ရေတာရှည်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အလားတူ မေလ ၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၃ ရပ် ကွက်တွင် ရာအိမ်မှူး သက်ပိုင်ကို သေနတ်သမားတချို့က ပွဲစျေးအတွင်း ပစ်ခတ်ခဲ့ရာ ရာအိမ်မှူး သက်ပိုင် ပွဲချင်းပြီး သေဆုံးကြောင်း သိရှိရသည်။
” သေနတ်ဒဏ်ရာ ၃ ချက်နဲ့သေသွားတယ်။ ရာအိမ်မှူး သက်ပိုင်က ။ သူက စစ်တပ်အတွက် အဓိက အလုပ်လုပ်ပေးတယ်။ စစ်တပ်ခိုင်းရင် ဘာမဆိုလုပ်တယ်။ ကျူးကျော်တွေကို ရှင်းတယ်။ အများပြည်သူကို အနိုင်ကျင့် ဖိနှိပ်တယ်” ဟု လှိုင်သာယာမြို့ခံတစ်ဦးက ဆိုသည်။
