25 C
Yangon

ချမ်းမြသာစည်တွင် ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး၏ ပစ်ခတ်မှုကြောင့် အသက် ၂ နှစ် ၈ လအရွယ် ကလေး တစ်ဦး နားထင်ထိမှန်သေဆုံးပြီး မိသားစုဝင်များဒဏ်ရာရ

Must read

ချမ်းမြသာစည်တွင် ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး၏ ပစ်ခတ်မှုကြောင့် အသက် ၂ နှစ် ၈ လအရွယ် ကလေး တစ်ဦး နားထင်ထိမှန်သေဆုံးပြီး မိသားစုဝင်များဒဏ်ရာရ

■ ကလေးငယ်ကို ပစ်ခတ်သော ရာအိမ်မှူးကို ရဲက အရေးယူခြင်းမရှိ

ရန်ကုန်၊ မေ ၂

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက် ၈၆၇ တွင် ရာအိမ်မှူး ပျူခေါင်း ဆောင် ဝင်းဇော်၏ ပစ်ခတ်မှုကြောင့် အသက် ၂ နှစ် ၈ အရွယ် မောင်ဘုန်းထက်မြတ် သေဆုံးပြီး ကလေး ၏ အဒေါ်နှင့်ခင်ပွန်းဖြစ်သူတို့ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၅ ရက် ည ၁၁ နာရီခန့်က ရာအိမ်မှူးပျူခေါင်းဆောင် ဝင်းဇော်မှ အကြွေး တောင်းရင်း စကား များရာ ဂန်ရွာနေ ထောင်ထွက် သတင်းပေးမျိုးမင်းထွန်း၏ တပည့်ဖြစ်သူမှ ဝင်ရောက်ပြောဆိုသဖြင့် ၎င်းကို သေနတ်ဖြင့် ပစ်ခတ်ရာ လမ်းလျှောက်လေညှင်းခံထွက်နေသူ မောင်ဘုန်းထက်မြတ်၊ အဒေါ်ဖြစ် သူတို့လင်းမယားကို ထိမှန်ပြီး မောင်ဘုန်းထက်မြတ်တွင် နားထင်ထိမှန်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ပျူခေါင်းဆောင်ရာအိမ်မှူးဝင်းဇော်က အကြွေးတောင်းရင်း စကားများတာ၊ အဲဒါကို ဂန်ရွာက ထောင် ထွက် သတင်း ပေးမျိုးမင်းထွန်းရဲ့ တပည့်ဝင်ပြောလို့ ဆိုပြီး မျိုးမင်းထွန်းတပည့်ကို ပစ်တာ၊ သေသွားတဲ့ ကလေးနဲ့ သူ့အဒေါ်လင်မယားက ရပ်ကွက်ထဲ လမ်းထိပ်မှာ လမ်းလျှောက်ရင်း ထိမှန်တာ၊ ကလေးက နားထင်မှန်ပြီး ဆေးရုံရောက်တော့ သေသွားတယ်၊ ဝင်းဇော်က သေနတ်ရှိတယ်၊ ရပ် ကွက် ပျူခေါင်း ဆောင်ရာအိမ်မှူးဆိုတော့ အဖမ်းပြပြီး နောက်ရပ်ပြန်လွှတ်ပေးတယ်၊ ပုံမှန်အတိုင်း ရုံးတက်နေတယ်” ဟု မန္တလေးမြို့နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ရာအိမ်မှူးဝင်းဇော်၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကလေးတွင် နားထင်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ သည့်အပြင် ကလေး၏ အဒေါ်ဖြစ်သူမှာ ဗိုက်ရှထိဒဏ်ရာ၊ ၎င်း၏ ခင်ပွန်းတွင်လက်မောင်းထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article