25 C
Yangon

ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေ

Must read

ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေ

ရန်ကုန်၊ မေ ၂

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့ နံနက် ၆ နာရီ ၃၅ မိနစ်မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရသည်။

” ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ရွာတွေကို ဒီနေ့ နံနက် ၆ နာရီ ၃၅ မိနစ်က စပြီး စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက် ပစ်ခတ်နေတယ်။ ပြည်သူတွေ ထိခိုက်မှု မရှိဘူးလို့ သိရပေမယ့် ပျက်စီးမှုရှိမရှိတော့ မသိရသေးဘူး။ လက်နက်ကြီး ပစ်ခတ်မှုက ၈ နာရီ မိနစ် ၂၀ လောက်မှာ ရပ်နားသွားတယ်။ သွားတော့ မကြည့်ရဲသေးဘူး။ စစ်ခွေးတွေက အချိန်မရွေး ပြန်ပစ်နိုင်တယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – ဧပြီလ ၂၇ ရက်နေ့က ဒီးမော့ဆို မြို့နယ် အနောက်ခြမ်းကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article