Khit Thit သတင်းဌာန၏ မေ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၂ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းမှာ မေလ ၁ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က အယောက် ၂၀ ဝန်းကျင် သေသွားတဲ့အပြင် ၊ လက်နက် ၁၁ လက်နဲ့ ခဲ့ယမ်းတွေပါ သိမ်းဆည်းရရှိထားတယ်လို့ ချင်းအမျိုးသားတပ်မတော် CNA နဲ့ ဒေသသတင်းရင်း မြစ်တွေကအတည်ပြုပြောထားပါတယ်။
– စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ဘေးရှောင် ပြည်သူတွေဟာ သောက်သုံးရေ နဲ့ စားနိပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
– တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဟာ ဒီကနေ့ မေလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံ၊ နေပြည်တော်ကို ရောက်ရှိမယ့် သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။