ဘုတလင်၊ သားရိုးကုန်းရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရ
ရန်ကုန်၊ မေ ၂
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သားရိုးကုန်းရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ တော်လှန်ရေး ခေါင်းဆောင် တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
မေ၂ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဘုတလင်မြို့နယ်၊ သားရိုးကုန်းရွာအနီး တိုက်ပွဲဖြစ်ပွားပြီး ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“စစ်ခွေး အင်းအား ၄၈ ဦးက ဇီးတောရွာကနေ နံနက်ခင်းက ထွက်လာတာကို အလှစ်ဝင်တိုက်ခဲ့တာ သူတို့စစ်ကြောင်း တိုးလာတာက မေ ၁ ရက်နေ့ကနေ နမခကနေ ဇီးတောရွာ အထိ စစ်ကြောင်းထိုးလာတာကျွန်တော်တို့နဲ့ ပထမက ကျီးပင်ချောင်ဂွေ့အနီးမှာ ညမိုင်းအရင်စဆွဲတာ အဲမှာ ၅ယောက်လောက် ဒဏ်ရာရသွားတယ်။ အဲဒီနေရာကနေ ကိုက် ၄၀၀၀ လောက်ရှိတဲ့ သားရိုးကုန်းရွာအနီးမှာ အလှစ်ဝင်တိုက်ခဲ့တာ ခွေးဘက်က ၂ ကောင်ထပ်ကျတယ်။ ကိုယ်ဘက်က ပေါင်ထိ ဒဏ်ရာရရှိတာ ၁ ဦး ရှိတယ်။ အသက်အန္တရယ်တော့ မစိုးရိမ်ရဘူး” ဟု ဘုတလင် ကာကွယ်ရေး အဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ပွဲကို ဘုလင်မြို့နယ် ပကဖ၊ ဒေသတွင်းအာဏာရှင် တော်လှန်ရေး မဟာမိတ်အဖွဲ့ပေါင်းစုံတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။