25 C
Yangon

ရှမ်းပြည်နယ်၊ မူပန်ခရိုင်ရှိ ဟွေတုံရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

Must read

ရှမ်းပြည်နယ်၊ မူပန်ခရိုင်ရှိ ဟွေတုံရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

ရန်ကုန်၊ မေ ၂

ရှမ်းပြည်နယ်၊ မူပန်ခရိုင်ရှိ ဟွေတုံရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း နယ်မြေခံ သတင်းရင်း မြစ်ဖြစ်သည့် The Kokang ထံမှ သိရသည်။

ဧပြီလ ၂၆ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က အထူးဒေသ ၁ မူပန်ခရိုင်အတွင်းရှိ ဟွေတုံကျေးရွာကို တိုက်လေယာဥ်ဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၁၃ ဦး ထိခိုက် ဒဏ်ရာ ရရှိပြီး မော်တော်ယာဥ်နှင့် နေအိမ်များလည်း ပျက်ဆီးခဲ့ကြောင်း သိရသည်။

ဗုံးကျဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မြန်မာ အမျိုးသား ဒီမိုကရက် တစ်မဟာ မိတ်တပ်မတော် (MNDAA)နှင့် မူပန်ခရိုင် အုပ်ချုပ်ရေးအဖွဲ့များ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာကို သွားရောက်စုံစမ်းပြီး ဒဏ်ရာရသူများကို ဆေးကုသရန် ပို့ဆောင်စဥ် ပြည်သူ ၁ ဦး ဒဏ်ရာ ပြင်းထန်သောကြောင့် လမ်းခရီး၌ သေဆုံးခဲ့ကြောင်း သိရသည်။

ယင်း သို့ တိုက်ခိုက်ခြင်းသည် မူပန်ခရိုင် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဒေသရပ်ရွာများ အတွင်းသို့ ဝင်ရောက်ပြီး အရပ်သား ပြည်သူများ၏ အသက်မွေး ဝမ်းကြောင်း ကိစ္စရပ်ကို ဖြေရှင်းပေးရန်အတွက် ကျေးရွာသူ ကျေးရွာသားများကို အစည်းအဝေး ဆက်တိုက် ခေါ်ဆောင်ခဲ့သည်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ လှုပ်ရှားမှုရှိသည်ဟု ထင်မှတ်ပြီး တိုက်လေယာဥ်ဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း The Kokang က ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article