မှော်ဘီမြို့နယ်၊ သန္ဓေပင် စစ်တပ်စစ်ဆေးရေး တိုးဂိတ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ထိမှန်
ရန်ကုန်၊ မေ ၄
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ သန္ဓေပင် စစ်တပ်စစ်ဆေးရေး တိုးဂိတ်တွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ထိမှန်သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
မေလ ၄ ရက်နေ့ နံနက် ၇ နာရီ ၄၃ မိနစ်အချိန် မှော်ဘီမြို့နယ် သန္ဓေပင် တိုးဂိတ်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး ဒဏ်ရာရရှိသူကို စစ်ကားပေါ် ဆွဲတင်သွားကြောင်း သိရှိရသည်။
“အဲဒီတိုးဂိတ်မှာ စစ်ခွေးတွေက နေ့တိုင်း ကားသမားတွေဆီက ငွေညှစ်နေတာ။ ဗုံးပေါက်တော့ ကားအသေးလေးနဲ့ ကားပေါ်တော့ ထိထားတဲ့ တစ်ဦးကို ဆွဲတင်သွားတယ်။ သူတို့လူကို ဆွဲတင်သွားတာပါ” ဟု မျက်မြင်တွေ့ရှိသူ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က စစ်ဆေးမှုများ လုပ်ဆောင်နေသဖြင့် ဖြတ်သန်းသွား လာနေသည့် ပြည်သူများ သတိထားကြရန် ဒေသပြည်သူတချို့က နှိုးဆော် ထားသည်။
ဓာတ်ပုံ- ယမန်နှစ် မှော်ဘီ တင့်ကားတပ်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားသဖြင့် စစ်တပ်က ပိတ်ဆို့စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်သည်။)
