32 C
Yangon

ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ မေ ၄

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ပုလော PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၃ ရက် နံနက် ၈ နာရီခွဲခန့်က အကြမ်းဖက်စစ်သား ၂၀ ခန့်ဖြင့် တပ်စွဲထားသော ထမင်း မစားကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းနှင့် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF) တို့ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံး ၂ လုံးစတင်ကျဲ ချတိုက်ခိုက်ပြီးနောက် လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်တိုက်ပွဲ နံနက် ၁၀ နာရီခန့်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၂၀ လောက်နဲ့တပ်စွဲထားတာ၊ ၁၀ နာရီလောက်ကျတော့ အအပြန်အလှန် ပစ်ခတ်မှုမရှိပဲ ငြိမ် သွားတယ်၊ ကျနော်တို့လဲ ပြန်ဆုတ်လာခဲ့လိုက်တာ၊ စစ်ခွေး ၄ ကောင်သေတယ်၊ ၃ ကောင် ဒဏ်ရာ ရတယ်၊ ကျနော်တို့ဘက်က ခွေးတွေ ပစ်ချလို့ ဒရုန်း တစ်စီး ဆုံးရှုံးခဲ့တယ်၊ ပြည်ခြားရွာနားမှာရှိတဲ့ အမတ ၃၀၉ တပ်ကလည်း လက်နက်ကြီး ပစ်ကူပေးတယ်၊ ဒါပေမယ့် ကျနော်တို့ ရဲဘော်တွေ အထိ အခိုက်မရှိခဲ့ပါဘူး” ဟု ပုလော PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ပုလောမြို့နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တိုက်ပွဲများ ပိုမိုပြင်းထန်လာနေပြီး မိဘပြည်သူ များအနေဖြင့် လုံခြုံရေး သတိအမြဲရှိရန်၊ စစ်ရေးသတင်းကို အမြဲနားစွင့်ထားရန်၊ မလိုအပ် ဘဲ ခရီးသွား လာခြင်း မပြုကြရန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မဟာမိတ်တပ်ပေါင်းစုမှ ထုတ်ပြန်သည့် စည်း ကမ်းချက်များကို စနစ်တကျလိုက်နာကြရန် ပုလော PDF က အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article