ABSDF နှင့် PDF တပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆၁ ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ
ရန်ကုန်၊ မေ ၄
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF စစ်ကြောင်း ၃ နှင့် PDF တပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင် စစ်ကောင်စီတပ်သား ၆၁ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း ABSDF Column – 3 က သတင်းထုတ်ပြန်သည်။
ABSDF ကျောင်းသားတပ်မတော် ABSDF စစ်ကြောင်း ၃ အနေဖြင့် လက်ရှိ တပ်ရင်း ၂ ရင်း ဖြစ်တဲ့ ယောဒေသ မှာရှိသည့် အမှတ် ( ၁၂ ) တပ်ရင်း နှင့် ချင်းတွင်းဒေသ တပ်ရင်း တို့ဖြင့် မကွေးတိုင်း စစ်ကိုင်းတိုင်းတို့တွင် PDF တပ်ရင်းများ ၊ Local PDFများ ၊ ပ.က.ဖ များဖြင့် တွဲဖက်၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
ABSDF နှင့် PDF တပ်များ ပူးပေါင်းတိုက်ခိုက်ကြရာတွင် မတ်လ ၃၁ရက်နေ့တွင် ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းကို ဂန့်ဂေါခရိုင် PDF တပ်ရင်းများ၊ ပ.က.ဖများဖြင့် ပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ရာ ရန်သူ အင်အား ၄၅ ဦးခန့်သေဆုံး ၊ ၁၀ ဦးဒါဏ်ရာရ ရှိခဲ့ပြီး ၊ရန်သူ့ လက်နက် G3 ၄ လက် ၊ G4 ၁လက် နှင့် ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ဧပြီလ ၃ရက်နေ့တွင် ဂန့်ဂေါမြို့ မြစ်သာမြစ်ရိုးအတိုင်းထွက်ခွာ စစ်ကြောင်ထိုးလာသည့် အင်အား ၇၀ ဝန်းကျင်ရှိ စစ်ကြောင်းကို ဂန့်ဂေါခရိုင် PDFတပ်ရင်းများ ၊ Local PDF များ ၊ ပ.က.ဖများဖြင့် ပူးပေါင်း၍ ဂန့်ဂေါမြို့ စိုင်ဒူးကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ဧပြီလ ၅ရက်နေ့တွင် ပုလဲမြို့နယ် ဇီဖြူကုန်းရွာမှ ကန်းထောင့် ရဲစခန်းသို့ ထွက်ခွာလာသည့် စစ်တပ်နှင့် ပျူစာထီးများကို ကန်းထောင့်ကျေးရွာ အနီးတွင် ABSDF ချင်းတွင်းဒေနှင့်ညီနောင် မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း၊ ဧပြီလ ၇ ရက်နေ့တွင်မူ ဂန့်ဂေါမြို့ ခ.လ.ရ ( ၅၀ ) မှ ထွက်ခွာလာသော အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းနှင့် ဂန်ဂေါမြို့နယ် လာပို့ကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။