လောင်းလုံးမြို့နယ်တွင် တော်လှန်လူငယ်များက ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်
ရန်ကုန်၊ မေ ၄
လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ် ကော်မတီ (DDMSC) မှ ဦးဆောင်ကာ ယနေ့ မေလ ၄ ရက်နေ့တွင် “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာတန်း ကိုင်ဆောင်ပြီး ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ခဲ့ကြောင်း သိရသည်။