ပခူက္ကူ၊ ရေလာလေး ပျူစောထီး ရွာစစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ ၊ မြိုင်တွင်လည်း စစ်တပ်နှင့် ပျူစောထီးများ ပစ်ခတ်တိုက်ခိုက်မှု သေဆုံးမှု များနိုင်
ရန်ကုန်၊ မေ ၄
မကွေးတိုင်း ပခုက္ကူမြို့နယ်၊၊ ရေလာလေး ပျူစောထီးရွာရှိ ပျူစောထီးနှင့် စစ်တပ်၏ စခန်းနေရာများကို မေ ၄ ရက်နေ့တွင်ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Young Force(UG)ပခုက္ကူမြိုနယ် ပကဖ တပ်ခွဲ(တပ်ခွဲ၂) ထံမှ သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၊ မြိုင် ပကဖ တပ်ရင်း(၁)၊Thurain-TR (တပ်ခွဲ) နှင့် Young Force (UG) ပခုက္ကူ ပကဖ တပ်ခွဲ(၂)တို့ က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အလားတူ မေလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန် မကွေးတိုင်း မြိုင်မြို့အနီး စက်မှု ၂ မှ ထွက်လာသော အင်အား ၄၀ ကျော် လိုက်ပါသည့် ဖောကားနှင့် လမ်းဘေးရှိ စစ်တပ်ကင်းပုန်းများကို စလင်းကန်ရွာနှင့် သရက်ကွရွာ အကြားတွင် PDF များက ပစ်ခတ်တိုက်ခိုက်ရာ ဖောကားမှာ လမ်း၏ ညာဘက်ခြမ်းထိုးကျသွားခဲ့ကြောင်း မြိုင် ပကဖက ပြောသည်။
စစ်ဆင်ရေး တိုက်ခိုက်မှုတွင် လက်နက်ငယ်များဖြင့် ၁၀ မိနစ်ကျော်ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အနီးကပ်ပစ်ခတ်ခဲ့၍ ထိခိုက်သေဆုံးမှု များပြားနိုင်ကြောင်း၊ တိုက်ပွဲဖော်ဆောင်နေချိန် သရက်ကွ ပျူစောထီးကျေးရွာကိုလည်း လက်နက်ကြီးအဖွဲ့ များက လက်နက်ကြီးဖြင့် ၁၀ ချက်ကျော် ပစ်ခတ်ခဲ့ကြောင်း၊ ကင်းပုန်းများ ထွက်လာခြင်း၊ စက်မှု ၂ မှ စစ်ကူထွက်လာခြင်း၊ မြိုင်မြို့မှ စစ်ကူလာခြင်းတိုကြောင့် သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ရဲဘော်များမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြိုင် ပကဖက ပြောကြားသည်။
စစ်ဆင်ရေးတိုက်ခိုက်မှုများကို မြိုင်ပကဖအဖွဲဝင်များဖြစ်သော ဝံပုလွေအဖွဲ့ ၊ ဇေယျာသီအဖွဲ့ ၊အညာမြေပျောက်ကျားအဖွဲ့၊ ချင်းတွင်းပျောက်ကြားအဖွဲ့ ၊ ပခုက္ကူခရိုင်PDFရင်း-၁၃ တပ်ဖွဲ့၊ စကော်ပီယန်အဖွဲ့ ၊ MVP အဖွဲ့ ၊ MRTF အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်သော Saw Dragon Drone Force – SDDF ၏ ဒရုန်းတစ်စင်း။