26 C
Yangon

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်

Must read

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၄

မုံရွာ-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force-MMU မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၄ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခန့်တွင် ဧပြီလ ၃၀ ရက်နေ့က လည်ကြီး၊ သုံးလင့်၊ ရွာမ ကျေးရွာများကို ဝင်ရောက် စီးနင်းခဲ့သည့် စစ်တပ် စစ်ကြောင်းကို အုန်းတောဘက် မှ ထွက်လာသော သံပြားကာ ဂျန်ဘာကား ၂ စီးနှင့် Express ကား ၁ စီးတို့ဖြင့် တင်ဆောင်လာခဲ့ပြီး မုံရွာဘက်သို့ ထွက်ခွာစဥ် မုံရွာ-မန္တလေး လမ်းပိုင်း၌ Black Eagle Defence Force-MMU အဖွဲ့နှင့် မဟာမိတ်ပူးပေါင်း အဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နံနက်အစောပိုင်း ၁ နာရီ ၁၀ မိနစ်ခန့်တွင် အုန်းတောမှ ထွက်လာသည့် ယင်း ကား ၃ စီးထဲမှ သံပြားကာ ဂျန်ဘာကား ၁ စီးနှင့် Express ကားတို့ကို အလ္လကပ္ပရွာ နှင့် ဘိုးမင်းကြီးကင်းရွာ အကြားတွင် ပဒေသာမိုင်း ၉ လုံးဖြင့် မိုင်းဆွဲ တိုက်ခဲ့ပြီး ကား ၂ စီးလုံးကို ထိမှန်ခဲ့ကြောင်း သိရသည်။

နံနက် အစောပိုင်း ၁ နာရီ ၁၅ မိနစ်ခန့်တွင် အဆိုပါ ယာဥ်တန်းထဲမှ သံပြားကာ ဂျန်ဘာကား ၂ စီးကို ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တောကျေးရွာ အကြားတွင် ပဒေသာ မိုင်း ၉ လုံး တို့ဖြင့် ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ကား ၂ စီးလုံး ထိမှန်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး အသေအပျောက်စာရင်းက မသိရဘူး။ ကားတစ်စီးကတော့ ဘိုးမင်းကြီးကင်း အနောက်ဘက် ခွဲ​ပြီးနောက်မှာ ဂွေးပင်တောရွာဘက်ထိ ကားချင်း ဆွဲခေါ်သွားရတယ်။ မှန်ကွဲစတွေ၊ သွေးစတွေတော့ မိုင်းခွဲတဲ့နေရာမှာတွေခဲ့ရတယ်” ဟု Black Eagle Defence Force-MMU မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Defence Force – MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)မှ ဦးဆောင်ပြီး Chaung U People’s Defense Force-CHU PDF၊ မြင်းမူမြို့နယ် ပ.က.ဖ၊ People’s Defence Force Myinmu-MMU PDF၊ စစ်ကိုင်းခရိုင် အမှတ်(၆)တပ်ရင်း တပ်ခွဲ(၂) စသည့် မဟာမိတ်(၅)ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article