25 C
Yangon

ဆားလင်းကြီးနှင့်ယင်းမာပင်တို့တွင် စစ်သား၊ ပျူစခန်းများတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ ထီးလင်းတွင်လည်း စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ၇ ဦးသေ ဆုံးနိုင်

Must read

ဆားလင်းကြီးနှင့်ယင်းမာပင်တို့တွင် စစ်သား၊ ပျူစခန်းများတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ ထီးလင်းတွင်လည်း စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ၇ ဦးသေ ဆုံးနိုင်

ရန်ကုန်၊ မေ ၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်တို့တွင် အကြမ်း ဖက်စစ်သား၊ ပျူ စောထီး စခန်း များ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသကာကွယ် ရေးတပ်ဖွဲ့များထံမှ သိရ သည်။

ယမန်နေ့ မေလ ၃ ရက် ညနေ ၅ နာရီခန့်က ဆားလင်းကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သားများ ယာယီတပ်စွဲထားသော စခန်းကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ယနေ့ မေလ ၁ ရက် နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင်လည်း အကြမ်းဖက်စစ်သားများ စုဝေးနေစဉ် ဒုတိယအကြိမ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု များပြားနိုင်ပြီး အတိအကျ မသိရသေး ကြောင်း Myingyan Distict Drone Strike ထံမှ သိရသည်။

ထို့ပြင် ယနေ့ မေလ ၄ ရက် နံနက် အစောပိုင်း ၁ နာရီခန့်အချိန် ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေး(ပျူ)စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုများပြားနိုင် ကြောင်း၊ အတိအကျ သိရှိနိုင်ရန် စုံစမ်းနေကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများကို Myingyan District Drone Strike (MDDS) အဖွဲ့နှင့် မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ 27 Revolution Forces ၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) နှင့် Myanmar Revolution Army အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မေလ ၄ ရက်နေ့ နံနက်ပိုင်း မကွေးတိုင်း၊ထီးလင်းမြို့နယ်၊ အောင်းမြောက်ရွာအရှေ့ဘက်တွင် အင်အား ၁၄၀ နီးပါး စစ်တပ်စစ်ကြောင်းကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာမှာ စစ်ကောင်စီစစ်သား ၇ ဦးခန့် သေဆုံးနိုင်ကြောင်း YRA ထီးလင်းကထုတ်ပြန်သည်။

” အနီးကပ်ပစ်ခတ်တိုက်ခိုက်တာပါ။ ဒီပစ်ခတ်မှုမှာ ၇ ယောက်သေတယ်လို့ မြေပြင်ရဲဘော်တွေကပြောတာပါ။ သူတို့မြင်ခဲ့ရတာပေါ့” လို့ YRA စစ်ဦးစီး သခင်ဇော်ကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ်တစ်စင်းလာရောက်သည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ ဆုတ်ခွာချိန်လက်နက်ကြီးဖြင့် ၇ ချက်ပစ်ရာ စစ်ကောင်စီအဖွဲ့ဝင်များကို ထိမှန်ခဲ့သည့်အတွက် ထိခိုက်မူရှိနိုင်ကြောင်း YRA တပ်ဖွဲ့မှ ဗိုလ်ယောနိုင်ကပြောဆိုသည်။

ရွှေအောင်သာအထိုင်တပ်မှ အောင်းရွာဘက်သို့ ထွက်လာသည့် စစ်တပ်စစ်ကြောင်းကို ဂန့်ဂေါခရိုင်တပ်ရင်း (၁၅/၁၆/၁၇)-YRA ထီးလင်း နှင့်ဂန့်ဂေါခရိုင်တပ်ရင်း(၁၈)-YNRFပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article