ယင်းမာပင်တွင် “နိုင်မယ်ထင်လို့ တိုက်တာမဟုတ် အမှန်တရားအတွက် တော်လှန်နေတာ” ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် သပိတ် မှောက်
ရန်ကုန်၊ မေ ၅
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက မေလ ၅ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။
နယ်မြေဒေသ မတည်ငြိမ်သည့် ကြားကနေ နေ့စဉ်ပျက် ရဲရဲဝံ့ဝံ့ ဆန္ဒထုတ်ဖော်နေသော ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစု က အင်အားအပြည့်ဖြင့် စစ်အာဏာရှင် ကျဆုံးရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ချီတက် ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်သည်။



