Khit Thit သတင်းဌာန၏ မေ ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ထိုင်းနိုင်ငံ၊ ချင်းရိုင်ဒေသမှာ အသက် ၅ နှစ်အရွယ် ကလေးငယ်တွေ အပါအဝင် မြန်မာလူမျိုး အယောက် ၃၀ ကို တရားမဝင် ဝင်ရောက်လာမှုနဲ့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအခြေစိုက် မယ်ဆိုင် Press ကနေ သတင်းဖော်ပြထားပါတယ်။
– KNU ထိန်းချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ် ခဲ့သလို ၊ ပြည်သူ ၂ ဦးလည်း ဖမ်းဆီး နှိပ်စက် ခံခဲ့ရတယ်လို့ KNU-ဗဟိုဆီကနေ သိရပါတယ်။
-အကြမ်းဖက်မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကစပြီးတော့ သူ့ဆရာလည်းဖြစ်တဲ့ စစ်ခေါင်း ဆောင်ဟောင်း သန်းရွှေ နဲ့ သူ့စီနီယာ သမ္မတဟောင်း သိန်းစိန် တို့ကို သွားရောက်တွေ့ဆုံပြီး လက်ရှိ အခြေအနေ အကျပ် အတည်းတွေကို ကူညီဖြေရှင်းဖို့ တင်ပြ တောင်းဆိုရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။