ပခုက္ကူ၊ တက္ကသိုလ်အနီး တပ်စွဲထားသော စစ်သားများ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး
ရန်ကုန်၊ မေ ၅
မကွေးတိုင်း၊ ပခုက္ကူမြို့၊ ပခုက္ကူတက္ကသိုလ်ကျောင်းအနီး တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း Special Guerilla Force – SGF Pakokku ထံမှ သိရသည်။
ယမန်နေ့ မေလ ၄ ရက် ညနေ ၂ နာရီခွဲ ခန့်က ပခုက္ကူတက္ကူသိုလ် အနီးတွင် အထိုင်ချတပ်စွဲပြီး ဂိတ်ဖွင့် ကာ ပြည်သူများကို စိတ်ဒုက္ခပေးနေသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို Special Guerilla Force – SGF Pakokku တပ်ဖွဲ့ဝင်များမှ ဒရုန်း ၂ စီးဖြင့် ၄၀ မမ ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၁ ဦး၊ ပျူစောထီး ၂ ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံး ပြီး ၄ ဦးခန့်အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒရုန်း ၂ စီးအနက် တစ်စီးသာ ပြန်ခေါ်နိုင်ပြီး တစ်စီး ဖျက်ချခံလိုက်ရကြောင်း Special Guerilla Force – SGF Pakokku တပ်ဖွဲ့က ထုတ်ပြန်ထားသည်။