33 C
Yangon

ဗဟန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုစည်းအရက်သောက်သည့်ဆိုင် နှင့် စစ်တပ်ပိုင် Mytel Showroom ကို ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲ၊ လှိုင်မြို့နယ်တွင်လည်း ဗုံးပေါက်

Must read

ဗဟန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုစည်းအရက်သောက်သည့်ဆိုင် နှင့် စစ်တပ်ပိုင် Mytel Showroom ကို ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲ၊ လှိုင်မြို့နယ်တွင်လည်း ဗုံးပေါက်

ရန်ကုန်၊ မေ ၅

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုစည်းအရက်သောက်နေသည့် ဆိုင်နှင့် စစ်တပ်ပိုင် Mytel Showroom ကို ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow (YGN UG)အဖွဲ့မှ ကိုပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၅ ရက်နေ့ ညနေ ၆ နာရီ ၅၀ နာရီအချိန် ဗဟန်းမြို့နယ်၊ ယုဇနတာဝါ ရှိ MyTel Showroom နှင့် ည ၇:၀၀) နာရီတွင် MyTel Showroom ဘေးကပ်ရပ်ရှိ EPC၊ စည်ပင်၊ ဆက်သွယ်ရေး၊ ရဲ၊ မော်တော်ပီကယ်တို့ စုစည်း အရက်သောက်ရာ ဆိုင်ကို Dark Shadow (YGN UG) အဖွဲ့ က ချိန်ကိုက်ဗုံး ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်မှုတစ်စုံတစ်ရာ သိရှိရခြင်း မရှိသေးသော်လည်း အဖွဲ့ဝင်များအနေဖြင့် ထိခိုက်မှုမရှိ ဘေးကင်းလုံခြုံစွာဖြင့် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ Dark Shadow (YGN UG) အဖွဲ့အနေဖြင့် MyTel Showroom ကိုလည်း စစ်ကောင်စီ၏ စီးပွားရေးပစ်မှတ်အဖြစ် သတ်မှတ် တိုက်ခိုက်ခဲ့ကြောင်း ၊ စစ်ကောင်စီ၏ အုပ်ချုပ်မှု ယန္တရားတွင် ပါဝင် ဆောင်ရွက်နေသော EPC၊ စည်ပင်၊ ဆက်သွယ်ရေး၊ ရဲ၊ မော်တော်ပီကယ်တို့ စုဝေးရာ MyTel Showroom ဘေးကပ်ရပ်ရှိ အရက်ဆိုင်ကို ပစ်မှတ်ထားကာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ မေလ ၅ ရက်နေ့ ည ၈ နာရီ ၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် တစ်နေရာတွင် ဗုံးပေါက်ကွဲသံကျယ်လောင်စွာကြားရကြောင်း ရန်ကုန် ကင်းထောက် အဖွဲ့ Eagles News က သတင်းဖော်ပြသည်။

“ဗုံးပေါက်တာတော့ ဟုတ်တယ်။ ဘယ်နားလဲတော့မသိဘူးခင်ဗျ။ ” ဟု လှိုင်မြို့နယ်၊ အုတ်ကျင်းအနီးနေထိုင်သူ ပြည်သူတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- ရန်ကုန်မြို့လယ်တွင် စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံရဲများ။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article