သပိတ်ကျင်းမြို့နယ်၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်းလုနေသော စစ်တပ်စစ်ကြောင်းကို PDF တပ်ပေါင်းစု တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး
ရန်ကုန်၊ မေ ၆
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပြည် သူပိုင် ပစ္စည်းများကို လုယက်နေသော စစ်တပ်စစ်ကြောင်းကို PDF တပ်ပေါင်းစုက တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးကြောင်း Tbkတောဆင်ရိုင်းပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် အင်အား ၆၀ ခန့်ပါသော စစ်တပ်စစ်ကြောင်းက မူးရူးသောက်စားရမ်းကားကာ လက်ပန်ကုန်းရွာမှစပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခိုးယူ လုယက်နေရာမှ တကောင်းမြို့အနီး ဆူးတောရွာရှိ ပြည်သူနေအိမ်၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းများ ခိုးယူသယ် ဆောင် နေစဉ် သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ မူးရူးနေချိန်ဖြစ်၍ စစ်သား ၁၀ ဦးသေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ကျနော်တို့ ဝင်ပစ်တော့ စစ်သား ၁၀ ဦးလောက်သေတယ်။ စစ်သား ၂၀ အထိအခိုက်ရှိတယ်။ ဒဏ်ရာရတဲ့ ၂၀ ထဲမှာ ခြေပြတ်လက်ပြတ်ကောင်တွေပိုများတယ်ဗျ။ ထိခိုက်ဒဏ်ရာရတဲ့ ၂၀ ထဲမှာ ” ဟု Tbkတောဆင်ရိုင်းပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
တိုက်ပွဲအပြီး တကောင်းမြို့ထဲမှ နာရေးကား ၃ စီးဖြင့် အလောင်းများ လာရောက်သယ်ဆောင်သွားပြီး ညနေပိုင်းတွင် တကောင်းသုဿာန်တွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်သားများအား အမိန့်ပြန်တမ်းပြုလုပ်ကာ မြေမြှပ်သဂြိုလ်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို သပိတ်ကျင်းမြို့နယ် ပကဖ၊ Tbkတောဆင်ရိုင်းပျောက်ကြားတပ်ဖွဲ့၊ တကောင်း ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- Tbkတောဆင်ရိုင်းပျောက်ကြားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ။