Khit Thit သတင်းဌာန၏ မေ ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၆ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-KNU ထိပ်တန်းခေါင်းဆောင်တချို့ကို တရားမဝင် လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်မှု ရှိ၊ မရှိ စစ်ဆေးအရေးယူမှာဖြစ်တယ်လို့ KNU ဗဟိုကနေ KNU တပ်မဟာ ၅ ရဲ့ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားခဲ့တဲ့ အကြောင်း ပြန်စာအရ သိရပါတယ်။
– ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မေလ ၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က အယောက် ၂၀ ဝန်းကျင်သေပြီး ၊ လက်နက် ၁၁ လက် နဲ့ ခဲယမ်းတွေကိုပါ သိမ်းဆည်းရမိခဲ့တဲ့ Video ဖိုင်ကို တော်လှန်ရေးအင်အားစုတွေကနေ ထုတ်ပြန်လာပါတယ်။
– စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းက အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ SNA စခန်း ၂ ခုကို ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဝင်ရောက်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီ ဘက်က အထိနာသွားတဲ့အတွက် တိုက် လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။