ဖြူးမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ မေ ၇
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မြပဲခူးကျေးရွာအုပ်စု၊ ရေလဲကျေးရွာမှ စစ်တပ် ခန့် အုပ်ချုပ်ရေးမှူး မောင်မျိုး ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။
မေလ ၆ ရက်နေ့ ည ၈ နာရီခန့်တွင် ဖြူးမြို့နယ်၊ မြပဲခူးကျေးရွာအုပ်စု၊ ရေလဲကျေးရွာမှ စစ်တပ် ခန့် အုပ်ချုပ်ရေးမှူး မောင်မျိုးကို ဖြူးမြို့နယ် ပကဖ အမှန်တရားချစ်သူများအဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော မောင်မျိုးသည် အကြမ်းဖက် စစ်တပ် ခန့် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို စစ်တပ်ထံ ပေးပို့ခြင်း၊ ပျူစောထီး သင်တန်း တက်ရောက်ခြင်း၊ ပြည်သူ လူထုအား နည်းမျိုးစုံ ဒုက္ခပေးခြင်းများကို ကျူးလွန်လျက်ရှိသောကြောင့် ဖြူးမြို့နယ် ပကဖ က ဖုန်းဆက်၍ သတိပေးခြင်း၊ လူကိုယ်တိုင် သွားရောက်၍ သတိပေးခြင်းများ ပြုလုပ်ခဲ့သော်လည်း လိုက်နာခြင်း မရှိဘဲ သတင်းပေး ပျူစောထီးအဖွဲ့များ ဖွဲ့စည်း လုပ်ကိုင်ခြင်းများပါ ဆက်လက်ကျူးလွန်လာသောကြောင့် ဖြူးမြို့နယ် ပကဖ က ပစ်ခတ် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။