30 C
Yangon

ထီးလင်းတွင် အိမ်ခြေ ၂၀၀ ကျော်ရှိသော အကြည်ဘန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ် ပြာကျ၊ မီးလောင်ပြင်မှ ရုပ်အလောင်းသုံးလောင်းတွေ့ရှိထား

Must read

ထီးလင်းတွင် အိမ်ခြေ ၂၀၀ ကျော်ရှိသော အကြည်ဘန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ် ပြာကျ၊ မီးလောင်ပြင်မှ ရုပ်အလောင်းသုံးလောင်းတွေ့ရှိထား

ရန်ကုန်၊ မေ ၇

မကွေးတိုင်းဒေသကြီး၊ ယောဒေသ၊ ထီးလင်းမြို့နယ် အကြည်ဘန်းကျေးရွာကို အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းက မေ ၆ ရက်နေ့မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးပြီး မီးလောင်ပြင်မှ ရုပ်အလောင်းသုံးလောင်း တွေ့ရှိထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ထီးလင်းမြို့နဲ့ကျောက်ထုမြို့က ထွက်လာတဲ့ စစ်ကြောင်းနှစ်ခု ပူးပေါင်းထားတဲ့စစ်ကောင်စီအဖွဲ့ဟာ မေ ၅ ရက်နေ့က အကြည်ဘန်းရွာကိုဝင်ရောက်ခဲ့ပြီးညအိပ်ကာ မေ ၆ ရက်နေ့ မနက်ပိုင်းမှာ ရွာကိုမီးရှိူ့ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့မီးရှို့ဖျက်ဆီးမူကြောင့် အိမ်ခြေ ၂၀၀ နီးပါးရှိတဲ့ အကြည်ဘန်းရွာဟာ တစ်ရွာလုံးနီးပါးမီးလောင်ကျွမ်းခဲ့ပြီး လူနေအိမ် ၁၀ အိမ်ကျော်လောက်သာကျန်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“တိုက်ပွဲဖြစ်တာမျိုးထက် ဒီစစ်ခွေးတွေက ရွာစဉ်လှည့် လူတွေကို ဖမ်း သတ် ဖြတ်၊ ရွာတွေကို မီးရှို့တာမျိုးလုပ်နေတာ။ လက်နက်တွေက ကောင်း အင်အားကများတယ်” လို့‌ ဒေသပြည်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ မေ ၇ ရက်နေ့မှာ အကြည်ဘန်းရွာအနီးက အညာဘန်းရွာကိုဝင်ရောက်သွားပြီဖြစ်ပြီး အကြည်ဘန်းရွာမှာပိတ်မိခဲ့တဲ့ပြည်သူတွေကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အကြည်ဘန်းကျေးရွာအနီး ဒေသခံကာကွယ်ရေးတပ်တွေက နယ်မြေရှင်းလင်းရာမှာ ရုပ်အလောင်းသုံးလောင်းကနဦးတွေ့ရှိထားပြီး စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးတွေနဲ့ထုတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။

ထီးလင်းနယ်မှာ ဖုန်းလိုင်းတွေပြတ်တောက်နေတာ နှစ်ပတ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး သတင်းအချက်အလက် ဆက်သွယ်မူတွေခက်ခဲနေတယ်လို့သိရပါတယ်။

(မျက်မှောက်ခတ်နှင့် ရန်ကုန်ခေတ်သစ် ပူးတွဲရေးသားသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article