ဆိပ်ဖြူမြို့နယ်ရှိ ကပစ ၂၂ လက်နက်စက်ရုံကို ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် တိုက်ခိုက်မှု လက်နက်စက်ရုံ တစ်ခု ပျက်စီး၊ ပဲခူးရိုးမပေါ်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား ၆ ဦးဒဏ်ရာရ
ရန်ကုန်၊ မေ ၈
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် လက်နက်ထုတ်လုပ်ရေး စက်ရုံ ကပစ ၂၂ အား ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်စက်ရုံတစ်ခုပျက်စီးခဲ့ကြောင်း သိန်းငှက် နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး(BHSRF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မေလ ၇ ရက် နံနက် ၆ နာရီခွဲခန့်က အဆိုပါလက်နက်စက်ရုံကို စစ်ဒေသကွပ်ကဲ -၁၊ မကွေး တိုင်း Droneအထူးတပ်ရင်း၊ တပ်ခွဲ(၅) သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး ( B.H.S.R.F)နှင့် ပခုက္ကူခရိုင် အမှတ် (၁၁)တပ်ရင်း- ပြည်သူ့စွမ်းအား တပ်ပေါင်းစု (PPC)တို့ ပူးပေါင်းကာ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး( B.H.S.R.F)မှ ထုတ်လုပ်သော Short Range Missile ၁၂ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“Short Range Missile ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ကြီးထားတဲ့ ဘားတိုက်ကို အဓိက ထားပစ်ခတ်ခဲ့တာပါ။ ၆ လုံးတွဲ ၁ လုံးတော့ ထိခိုက်ပျက်စီးခဲ့တယ်။ အဆောက်အဦး တစ်လုံးတော့ ပျက်စီး သွားတယ်လို့ အတွင်း ဖရဲသီး သတင်းပေးပို့ချက်အရ သိရတယ်” ဟု သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေး တပ်ဦး(BHSRF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုအား နယ်မြေလုံခြုံရေးအနေဖြင့် လိုက်ပါကူညီခဲ့သော ပခုက္ကူခရိုင်၊ တပ်ရင်း ၁၁ ပြည် သူ့ စွမ်း အား တပ်ပေါင်းစု (PPC)နှင့် နယ်မြေရှင်းလင်းရေး ကူညီပေးခဲ့သော ပခုက္ကူခရိုင် တပ်ရင်းအမှတ် ၁၂ ၊ Young Revolution Font(YRF)တို့ကို အထူးပင်ကျေးဇူးတင်ကြောင်း သိန်းငှက်နက် ဆိပ်ဖြူတော် လှန်ရေး တပ်ဦး(BHSRF) တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမပေါ်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး PDF ရှေ့တန်း ကင်း စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံလိုက်ရပြီး အကြမ်းဖက်စစ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။
ဧပြီလ ၅ ရက်နေ့က ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများသည် ပေါင်းတည် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၅ ၏ ရှေ့တန်းကင်း စခန်းကို ဝင်ရာက်ခဲ့ရာ အင်အားမမျှတသဖြင့် စစ်လက်နက်ပစ္စည်း၊ အသုံးဆောင်များကို သိမ်းဆည်းကာ ဆုတ်ခွာပေးခဲ့ရပြီး ဖျက်သိမ်း၍ မရသည့် တဲ ၅ လုံးကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။
ဧပြီလ ၇ ရက်နေ့ နံနက်အစောပိုင်း ၃ နာရီခန့်တွင် ပေါင်းတည်မြို့နယ် ၊ သိမ်ကုန်းတာဝါတိုင်ရှိ အကြမ်းဖက် စစ်သားများကို ပေါင်းတည်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PPDF)၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၂၊ တပ်ခွဲ၄၊ ပြည်ခရိုင် PDF တပ်ရင်း ၃၈၀၁တို့ ပူးပေါင်းပြီး လက်လုပ်(၄၀)မမ ဗုံးသီး(၄)လုံးဖြင့် ခဲ့ရာ အကြမ်းဖက်စစ်သးထိခိုက်သေဆုံးမသိရသေးဟု ဆိုသည်။
ထို့အပြင် ဧပြီလ ၇ ရက် နံနက် ၈ နာရီခန့်တွင် ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ သစ်ပျောက်စမ်း ရွာအရှေ့ဘက် ကြို့ပင်တောင်အနီးတွင် အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သား ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းဆွဲခံရမှုကြောင့် အနီးအနားရှိယာတဲအိမ်(၁)လုံးကို မီးရှို့ ကာ မွေးမြူထားသောကြက်များအား ရိုက်သတ် စားသောက်သွားကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်မှ ပေါင်းတည်မြို့နယ် ပဲခူးရိုးမအတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ကာ ပြည်သူ့နေအိမ်များနှင့် ယာတဲများကို မီးရှို့ဖျက်ဆီးနေသဖြင့် တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး မိဘပြည် သူများ အနေဖြင့် သတိရှိရှိ သွားလာနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်က အသိပေး ထုတ်ပြန်ထားသည်။
Photo – ဧပြီလ ၁၄ ရက်နေ့က ကျောက်ထုမြို့နယ်၌ တပ်စွဲထားသော စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်စဥ်