33 C
Yangon

ဆားလင်းကြီး၊ ထန်းတောရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၂ လုံး ပြာကျ

Must read

ဆားလင်းကြီး၊ ထန်းတောရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၂ လုံး ပြာကျ

ရန်ကုန်၊ မေ ၈

ဆားလင်းကြီးမြို့နယ်၊ ထန်းတောရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီး သောကြောင့် နေအိမ် ၁၂ လုံးကျော် ပြာကျခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဆားလင်းကြီးမြို့ပေါ်မှ စစ်ကြောင်း ၂ ကြောင်းခွဲကာ ထွက်ခွာသော အကြမ်းဖက် စစ်တပ်သည် ဝမ်ပေါင်သို့ဝင်ရောက်ခဲ့​ပြီး မွန်းလွဲပိုင်းတွင် ဝမ်ပေါင်မှ တစ်ဆင့် ထွက်ခွာလာကာ ညောင်ပင်ကြီး ရဲစခန်းသို့ ဝင်ရောက် သွားပြီးနောက် မုံရွာဘက်သို့ ဇတ်ဖြင့် ကူးရန် ပြုလုပ်နေစဥ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့​ကြောင်း သိရှိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ထန်းတောရွာ ဇတ်ဆိပ်ရှိ ပြည်သူပိုင် နေအိမ် ၁၂ လုံးကို မီးရှို့ ဖျက်ဆီးသွားပြီး မုံရွာဘက်သို့ ကူးသွား​ကြောင်း သိရသည်။

” ထန်းတောရွာ ဇတ်ဆိပ်မှာရှိတဲ့ ပြည်သူပိုင် နေအိမ် ၁၂ လုံးနဲ့ ဆိုင်ကယ် တချို့ကို စစ်ခွေးတွေက မီးရှို့ပြီး မုံရွာဘက်ကို ဇတ်နဲ့ ကူးသွားတယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article