မင်းအောင်လှိုင်သား အောင်ပြည့်စုံ Golden Myanmar Power ဆောက်လုပ်ရေးကုမ္ပဏီ အသစ်ထူထောင်ပြီး ဝန်ကြီးဌာနများ၏ တင်ဒါများရယူ၊ ကုမ္ပဏီဒါရိုက်တာအဖြစ် ဝန်ထမ်းတစ်ဦးကို အမည်ခံခိုင်း
ရန်ကုန်၊ မေ ၉
အကြမ်းဖက် မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံသည် Golden Myanmar Power ဆောက်လုပ်ရေးကုမ္ပဏီအသစ် ထူထောင်ပြီး ဝန်ကြီးဌာနများ၏ တင်ဒါများရယူ ဆောက်လုပ်လျက်ရှိကြောင်း စစ်တပ်နှင့်နီးစပ်သော စီးပွားရေး အသိုင်းအ၀ိုင်းက အတည်ပြုပြောဆိုသည်။
မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံက ကုမ္ပဏီများစွာ နာမည်အမျိုးမျိုးဖြင့် တည်ထောင်၍ စီးပွားရေးများ လုပ်ကိုင်လျက်ရှိရာ ဘုန်းမြတ်ပြည့်စုံ ၊ Sky One ၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf စသည့် အမည်များစွာဖြင့် လုပ်ကိုင်လျက်ရှိရာမျ ယခုအခါ Golden Myanmar Power ဆောက်လုပ်ရေးကုမ္ပဏီအသစ်ကို ထပ်မံ ထူထောင်လိုက်ခြင်းဖြစ်သည်။
အောင်ပြည့်စုံသည် Aung Myint Mo Min Insurance Company ၊ MyTel Telecom ရှယ်ယာရှင်၊ Azura Beach Resort၊ A & M Mahar Company Limited ၊ Nyein Chan Pyae Sone Manufacturing & Trading Company Limited အပါအဝင် ကုမ္ပဏီများစွာနှင့် လုပ်ငန်းများစွာကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။
အောင်ပြည့်စုံ အသစ်ထူထောင်လိုက်သော Golden Myanmar Power ဆောက်လုပ်ရေးကုမ္ပဏီသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် တရားဝင် ထူထောင်ခြင်းဖြစ်ပြီး ကုမ္ပဏီ၏ ဒါရိုက်တာအဖြစ် မင်းအောင်လှိုင်က သူ၏ ဝန်ထမ်းဖြစ်သော ဒေါ်ပပအောင်ကို ခန့်အပ်ထားသည်။ Golden Myanmar Power ကုမ္ပဏီ၏ လိပ်စာအဖြစ် နေပြည်တော် ဇဗ္မူသီရိမြို့နယ်ကိုဖော်ပြထားသည်။
“သူတို့က အခု တပ်နဲ့ ပတ်သက်တဲ့ ဆောက်လုပ်ရေး တင်ဒါတွေတင်မဟုတ်တော့ဘူး။ ဝန်ကြီးဌာန အပြင်ဆောက်လုပ်ရေးကိုပါ ထွက်လုပ်လာကြပြီ။ အရင်က စစ်တပ်နဲ့ပတ်သတ်နေတဲ့အဆောက်အဦတွေပဲ အခွန်မဆောင် ဘာမဆောင် ဆောက်ခဲ့တာ။ ဆောက်လည်း ဆောက်နေတုန်းပဲ။ စည်ပင်လည်း ဆောက်လုပ်ခွင့်လိုင်စင်တင်စရာမလိုဘဲ ဆောက်တာ။ အခုတော့ အပြင်မှာ အကုန်ရသမျှ တင်ဒါ အကုန်ယူဆောက်လာတယ်။ ဝန်ကြီးဌာန တင်ဒါအတိုအစတောင် မချန်တော့တဲ့ သဘောပဲ” ဟု စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။
လက်ရှိတွင် Golden Myanmar Power ကုမ္ပဏီက ကျန်းမာရေးဝန်ကြီးဌာန၏ တင်ဒါဖြစ်သော ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းရှိ ဆေးရုံအုပ်ကြီးနေအိမ်၊ တွံတေးမြို့နယ်ဆေးရုံဝင်းအတွင်းရှိ ဆေးရုံအုပ်နေအိမ် အပါအဝင် တင်ဒါ ဆောက်လုပ်ခွင့်များစွာကို တည်ဆောက်နေကြောင်း သိရှိရသည်။
အောင်ပြည့်စုံပိုင် Sky One Construction သည် တပ်မတော်ဆေးရုံများ၊ စာသင်ခန်းများ၊ စစ်တက္ကသိုလ်ဆိုင်ရာ အဆောက်အအုံများ၊ လက်နက်သိုလှောင်ရုံနှင့်စက်ရုံ၊ တပ်ရင်းတပ်ဖွဲ့များ တိုးချဲ့ အဆင့်မြှင့်တင်ခြင်း အပါအဝင် စစ်တပ် တင်ဒါအားလုံးကို တစ်ဦးတည်း မူပိုင်ရရှိ လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီလည်းဖြစ်သည်။
မအေးလိုးသားတွေ ကောင်းစားနေကြတာ
ပြည်သူတွေကတော့ ငတ်ပျတ်နေပြီ
လီးဘဲကွာ 🖕🖕🖕