ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းနှင့် စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး
ရန်ကုန်၊ မေ ၉
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲ ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ ၊ နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၇ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲ ၂၀ ခန့်ဖြင့် တပ်စွဲပြီး လမ်း သွား လမ်းပြည်သူနှင့် မြို့နေပြည်သူများကို အော်ငေါက်ခြိမ်းခြောက်ပြီး မချေမငံဆက်ဆံကာ ပိုက်ဆံ မတရား တောင်း နေသော မြို့သာရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ရဲ ၅ ဦးသေဆုံးပြီး ရဲစခန်းမှူး၏ ယောက္ခမအပါအဝင် ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
“ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုတော့ မြို့သာဆေးရုံနဲ့ ငါန်းဇွန်ဆေးရုံကို ခွဲပြီးပို့တယ်၊ ဘယ်လိုသင်္ဂြိုလ် လိုက်လဲတော့မသိရဘူး၊ အဲဒီရဲစခန်းက တံတားဦးနဲ့ မြင်းခြံလမ်းပေါ်မှာရှိတာဆိုတော့ ရဲစခန်းရှေ့မှာ ဂိတ်ဖွင့်ပြီး သာမန်ပြည်သူကိုတောင် ငေါက်လား၊ ဟောက်လား၊ ပိုက်ဆံတောင်းကြမ်းတာတွေ၊ ကား သမားတွေဆိုရင်လဲ မထင်ရင် မထင်သလို ပိုက်ဆံတောင်းကြမ်းတာ” ဟု မြင်းခြံခရိုင်တပ်ရင်း ၄ ၊ နွား ထိုး ကြီး PDF မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၄ ( Natogyi People Defense Force) ၊ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ၊ Myingyan District Drone Strike Team ၊ မြင်းခြံခရိုင် တပ်ရင်း ၂ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရဲစခန်းမှ ထွက်လာသေစစ်သား ၁၅ ဦးကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ (နွားထိုးကြီး PDF) ထံမှ သိရသည်။
မေလ ၆ ရက်နေ့ ည ၇ နာရီခန့်က ဆားတောင်ရဲစခန်းတွင် တပ်စွဲထားသော တပ်မ ၃၃ လက်အောက်ခံ အ ကြမ်းဖက်စစ်သား ၁၅ ဦးသည် ကင်းလှည့်ပတ်ရန် စုဝေးနေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက် နက် ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၄ ( Natogyi People Defense Force) ၊ ဆားတောင်မိုးကြိုး တပ်ဖွဲ့နှင့် ဒီမိုပေါက်ကွဲအဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဗုံးကျဲ ဒရုန်းတစ်စင်း။