23 C
Yangon

သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာများကို မီးရှို့ပြီး ထွက်လာသည့် စစ်ကြောင်းကို အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးသူ များပြား

Must read

သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာများကို မီးရှို့ပြီး ထွက်လာသည့် စစ်ကြောင်းကို အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးသူ များပြား

ရန်ကုန်၊ မေ ၉

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်ခဲ့ကြောင်း တကောင်း ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ ဆူးတောကျေးရွာကို မီးရှို့ပြီး မန္တလေး-ဗန်းမော်လမ်းပိုင်းသို့ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၈ မှ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်း ၂ ခုခွဲကာ ညောင်ကုန်းသို့ ဝင်ရောက်လာသော ပထမ စစ်ကြောင်းကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ဒုတိယ စစ်ကြောင်းကိုလည်း နံနက် ၈ နာရီ ၁၀ မိနစ်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အထိနာနေသော စစ်တပ် စစ်ကြောင်းသည် ညောင်ကုန်းရွာမှ ပြည်သူ ၃၀ ကျော်ကို ဓားစာခံ အဖြစ် ဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ် အသုံးပြုကာ ဆက်လက် စစ်ကြောင်း ထိုးခဲ့ကြောင်း၊ နံနက် ၉ နာရီ မိနစ် ၄၀ တွင် မန်းလေး-ဗန်းမော် ကားလမ်းတလျှောက်ကို စစ်ကြောင်းထိုး ပိတ်ကာ ၁၂ ဘီးကား ၄ စီးဖြင့် တောင်တစ်လုံးရွာကို အင်အားထပ်ဖြည့်ရန် တက်လာစဥ် အင်ပျံကျေးရွာနှင့် တောင်တလုံး ကျေးရွာ အကြား၌ မိုင်း ၉ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ နံနက် ၁၀ နာရီ ၃၆ မိနစ်၌လည်း မိုးကောင်းဦးဘုရား၊ နောင်လုံ သံတံတား စသည့် နေရာများတွင် နေရာယူထားသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

“၆ မိုင် သင်္ချိုင်းကုန်း ၅ လောင်း မြှုပ်တယ်၊ မောင်းကုန်းသင်္ချိုင်းကုန်းမှာက ၃ လောင်းမြှုပ်တယ်၊ အဲလို တွေ အဆင့်ဆင် မြှုပ်သွားတာ၊ သေဆုံးဒဏ်ရာရတဲ့သူတွေကို အကုန်လုံးကားပေါ်တင်သွားပြီးမှ ကုလို့ တာကုတယ်၊ သေသွားတဲ့ဟာတွေ နီးစပ်ရာ သင်္ချိုင်းကုန်းမှာ မြှုပ်ပစ်ခဲ့တာ၊ မိုင်းထိတာကလည်း ၃၀ ကျော်ထိတယ်၊ တိုက်ပွဲမှာလည်း ထိတယ်၊ မနက်ခင်း စစ်ကြောင်းကားကို မိုင်းဆွဲပြီး ထပ်တက်လာတဲ့ ကို ထပ်ဆွဲတာ၊ ပြီးတော့ တိုက်ပွဲဖြစ်တာက ၁ နာရီလောက်ကြာတယ်၊” ဟု တကောင်းပကဖမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲနှင့် မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း ထိခိုက် ဒဏ်ရာရရှိပြီး သေဆုံးသွားသော စစ်သားများကို ကားဖြင့် သယ်ဆောင်ပြီး လမ်းကြောင်း တလျှောက်ကျေးရွာများရှိ သင်္ချိုင်းကုန်းများတွင် သင်္ဂြိုလ်ပစ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ အတွင်း အကြမ်းဖက် စစ်သား ၂၀ ကျော် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ည ၉ နာရီ ၂၃ မိနစ်တွင်လည်း တကောင်းမြို့ထဲမှ ထွက်လာသော ခွေးဘီလူးကား ၁ စီးနှင့် ၆ ဘီးကား ၁ စီးကို မိုးကောင်းဦး ဘုရားနှင့် ၆ မိုင်ရွာ အကြားတွင် ထပ်မံ ဖောက်ခွဲ တိုက်ခိုက် ခဲ့​ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည် မပြုနိုင်သေးကြောင်း တကောင်း ပကဖမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article