25 C
Yangon

ရေတာရှည်၊ ကျောက်ပုံရွာရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်နှင့် ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ် အတွက် အလုပ်လုပ်သူ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရေတာရှည်၊ ကျောက်ပုံရွာရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်နှင့် ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ် အတွက် အလုပ်လုပ်သူ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၉

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျောက်ပုံရွာရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်နှင့် ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ် အတွက် အလုပ်လုပ်သူ ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၃၀ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ မိချောင်းအိုင်ကျေးရွာအုပ်စု၊ ကျောက်ပုံကျေးရွာနေ စစ်တပ် အတွက် အလုပ်လုပ်သူ ၂ ဦးဖြစ်သည့် ကုလား နှင့် ချိုလေး ဆိုသူကို ရေတာရှည်မြို့နယ် ပ.က.ဖ အဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော စစ်တပ် အတွက် အလုပ်လုပ်သူ ကုလား နှင့် ချိုလေး ဆိုသူသည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် အကြမ်းဖက် စစ်တပ်တို့ ၇ ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားချိန်တွင် စစ်တပ်၏ စေခိုင်းမှုများကို အကောင် အထည်ဖော် ဆောင်ရွက် ပေးခြင်း၊ ဒေသ ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်များကို မကာကွယ်သည့် အပြင် ကျောက်ပုံရွာမှ နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခြင်း၊ PDF များ၏ သွားလာ လှုပ်ရှားမှုများကို စစ်တပ်ထံ သတင်းပေးပို့ခြင်းများကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေတာရှညိမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article