30 C
Yangon

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်၊ တနင်္သာရီတိုင်းတွင်လည်း စစ်ကောင်စီတပ်များနှင့် PDF တပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေ

Must read

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်၊ တနင်္သာရီတိုင်းတွင်လည်း စစ်ကောင်စီတပ်များနှင့် PDF တပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေ

ရန်ကုန်၊ မေ ၉

စစ်ကိုင်းတိုင်း၊ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းကို PDF တပ်ပေါင်းစုက ၃ ကြိမ် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံး ထိခိုက်မှုများပြားနိုင်ကြောင်း BLACK WOLF – ARMYမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ ခမရ ၁၂ တပ်မှ ဆိုင်ကယ် ၁၅ စီးဖြင့် ကင်းပုန်းဝပ်ရန် လာရောက်သော စစ်ကောင်စီ တပ်ဖွဲ့ ဝင်များကို ကျောက်မြောင်းမြို့နယ်၊ တည်ပင်ရွာ ဇရပ် အနီးအနားတွင် BLACK WOLF – ARMY နှင့် တိုက်နယ် ပကဖ ၄ ၊ WHO AM I တပ်ဖွဲ့တို့က တိုက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထိမှန်ပြီး ထိခိုက် သေဆုံး ဒဏ်ရာရ နိုင်ကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန် ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ ခမရ ၁၂ တပ်မှ ထွက်လာသော ခေါင်းအစိမ်းရောင် ၁၂ ဘီးကား နှစ်စီးကို ရွှေဘို – ကျောက်မြောင်း လမ်းပိုင်း တနေရာတွင် BLACK WOLF ARMY နှင့် တိုက်နယ် ပကဖ ၄ ၊ WHO AM I ARMY တပ်ဖွဲ့တို့မှ တိုက်မိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ဆယ်နှစ်ဘီးကား ၂ စီးလုံး ထိမှန် သွားပြီး စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံး ဒဏ်ရာရနိုင်ကြောင်း သိရှိရသည်။

ထို့အတူ မေလ ၈ ရက်နေ့ ရွှေဘို မြို့ တွင်းမှ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် ထွက်လာသော အင်အား ၄၀ ဦး ခန့်ပါ စစ်ကြောင်းကို BLACK WOLF – ARMY နှင့် တိုက်နယ် ပကဖ ၄ ၊ WHO AM I ARMY တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ငယ် ဖြစ်ပွားခဲ့ကြောင်း ၊ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံး ဒဏ်ရာရနိုင်ကြောင်း

အလားတူ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်နှင့် မြိတ်-ကော့သောင်းလမ်းတွင် စစ်ကြောင်းများနှင့်ဂိတ်များကို PDF တပ်များက တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ် တနင်္သာရီတိုင်းမ်ထံမှ သိရှိရသည်။

မေလ ၈ ရက်နေ့ မွန်းတည့်ပိုင်း ရေဖြူမြို့နယ်၊ ရလိုင်ကျေးရွာအုပ်စု၊ ခမောင်းချောင်းရွာတွင် ပြည်သူများကို ဖမ်းဆီး တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ဖမ်းဆီးခံထားရသော ပြည်သူတချို့ စစ်ကောင်စီလက်ထဲမှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။

“အမျိုးသမီးတွေနဲ့ အများစုကို လွှတ်ပေးလိုက်တယ်။ ပြီးတော့ ယောင်္ကျား ၅ ယောက်လောက်ကို လူသားဒိုင်းလို ဆက်ဖမ်းထားသေးတယ်။ ပစ်ခတ်မှုဖြစ်ချိန်မှာ သူတို့ပါ ထွက်ပြေးလာခဲ့တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အတူ မေလ ၈ ရက်နေ့ ည ၁၁နာရီခွဲအချိန် ထားဝယ်စီမံကိန်းလမ်းမပေါ် ကမ်းတံတားအနီး စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက မိုင်းဆွဲပြီးနောက် ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန်

ပစ်ခတ်မှုဖြစ်ပွားပြီး ယင်းစစ်ကြောင်းတွင် စစ်အင်အား ၃၀ ခန့်ပါဝင်ကာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်နိုင်ကြောင်း သိရှိရသည်။

“နာရီဝက်လောက် ပေါက်ကွဲသံနဲ့သေနတ်ပစ်သံတွေ ဆက်တိုက်ကြားတယ်။ ကြားဖြတ်တိုက်ခံရတာဆိုတော့ စစ်တပ်ဘက်က ထိခိုက်သေဆုံးတော်တော်များတယ်ကြားတယ်”ဟု ဒေသပြည်သူတစ်ဦးက အတည်ပြုသည်။

ယနေ့ နံနက်ပိုင်း ၇နာရီဝန်းကျင်အချိန် ကမ်းတံတားအနီး စီမံကိန်းလမ်းပေါ်တွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ ကြားရကြောင်း ဒေသပြည်သူများက ဆိုကြသည်။

ထို့ပြင်မေလ ၈ ရက်နေ့ညပိုင်း တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ လေညာတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ပြီးနောက်လက်ရှိတွင် စစ်ရေးတင်းမာနေကြောင်း သိရှိရသည်။

ယမန်နေ့ညပိုင်း တနင်္သာရီတိုင်း၊ မြိတ်-ကော့သောင်း အဝေးပြေးလမ်းမပေါ်ရှိ လေညာတံတားက စစ်ကောင်စီစစ် ဆေး ရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ကော့သောင်းခရိုင်အမှတ်(၁)တပ်ရင်းနှင့် ဘုတ်ပြင်းမြို့နယ် Flying Star Force ( ပကဖ)ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

(တနင်္သာရီတိုင်းမ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

ဓာတ်ပုံ- တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၏ စစ်သင်တန်းဆင်းပွဲ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article