21 C
Yangon

ရေးနှင့် သံဖြူဇရပ် နယ်စပ်ရှိ ကျားဖြူ တပ်ခွဲ စခန်းတစ်ခုကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် PDF ရဲဘော် ၃ ဦးကျဆုံး

Must read

ရေးနှင့် သံဖြူဇရပ် နယ်စပ်ရှိ ကျားဖြူ တပ်ခွဲ စခန်းတစ်ခုကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် PDF ရဲဘော် ၃ ဦးကျဆုံး

ရန်ကုန်၊ မေ ၉

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ် အစပ်ရှိ ကျားဖြူ တပ်ခွဲ စခန်းတစ်ခုကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် PDF ရဲဘော် ၃ ဦးကျဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း ၁ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၇ ရက် ည ၁၁ ဝန်းကျင်ခန့်က ကျားဖြူစစ်ကြောင်း ၂ စစ်ကြောင်းရုံး၊ တပ်ခွဲ ၁၊ တပ်ခွဲ ၆ နောက်တန်းစခန်း တစ်ခုကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချခဲ့ပြီးနောက်ယမန်နေ့ မေလ ၈ ရက် နေ့လည် မွန်းတည့် ၁၂ နာရီခန့်ကလည်း Mi 35 ရဟတ်ယာဉ် ဖြင့်လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် ရဲဘော် ဇွဲမာန်လင်း (ခ) စနေ၊ ရဲဘော်ထွန်း လင်းအောင် (ခ) မြကြီး နှင့် ရဲမေ မခင်သန္တာဆွေ (ခ) မမြင့် တို့ ကျဆုံးခဲ့ရပြီး ကျန်ရဲဘော် ၄ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အတိအကျနဲ့ ၇ နေ့က ညဘက်လာကျဲသွားတာ၊ ၈ နေ့လည်း ထပ်လာပြီး ပစ်သွားတယ်၊ အတိအကျ သတင်းပေးလက်ချက်ပါပဲ၊ ရဲဘော်တွေက ဗုံးကျဲခံရမှုမှာ ကျဆုံးရတာပါ၊ လိုင်းအခြေအနေကြောင့် သတင်းရတာ နောက်ကျသွားတဲ့အတွက် အခုလို ဆုံးရှုံးရတာပါ” ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။

တိုင်းပြည်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ရဲဘော်များကိုယ်စား ကျားဖြူစစ် ကြောင်း အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး အဆုံးထိတွန်းလှန် တိုက်ပွဲဝင်သွား မည်ဖြစ် ကြောင်း ကျားဖြူစစ်ကြောင်း ၁ မှ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article