21 C
Yangon

ဆားလင်းကြီး၊ ထန်းတောရွာကို မီးရှို့ ဖျက်ဆီးသွားသည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြား

Must read

ဆားလင်းကြီး၊ ထန်းတောရွာကို မီးရှို့ ဖျက်ဆီးသွားသည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြား

ရန်ကုန် ၊ မေ ၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မှ ထွက်ခွာလာပြီး ထန်းတောရွာကို မီးရှို့ဖျက်ဆီးသွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း National Revolutionary Guards တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ မေလ ၈ ရက် ညနေ ၃ နာရီခွဲခန့်က ဆားလင်းကြီးမြို့မှ ထွက်ခွာလာသော အကြမ်းဖက်စစ် သား၊ ပျူစောထီး အင်အား ၁၅၀ ခန့်သည် အိုမထန်းတော ဇက်ဆိပ်အရောက် မုံရွာမြို့ဘက်သို့ ဇက်ကူး ရန်ပြင်ဆင်နေစဉ် မျိုးဆက်သစ်လူငယ်များအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး လေပေါ်မြောက်ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သားများသည် ဇက်ဆိပ်ရှိ နေအိမ် ဈေးဆိုင် ၁၂ ဆိုင်နှင့် ဆိုင်ကယ်အစီး ၂၀ ခန့်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ထို့သို့ မီးရှို့ဖျက်ဆီးနေစဉ် National Revolutionary Guards (NRG/Salingyi) နှင့် ချင်းတွင်းဒိုင်းနမိုက်တပ်ဖွဲ့ တောင်ပံနီတပ်ဖွဲ့ သုံးဖွဲ့ပူးပေါင်းကာ ၄၀ မမများ၊ မောင်းပြန်သေနတ်များဖြင့် မီတာ ၁၀၀ အတွင်း အနီးကပ် တိုက်ပွဲ မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ပြီး မိုင်းဆွဲမှုကြောင့် ၃ ဦးသေဆုံးခဲ့ရာ စုစုပေါင်း အကြမ်းဖက်စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ် များဘက်မှ Chindwin Dynamite မှ ရဲဘော်တစ်ဦး အမောဖောက်ကာ ရဲဘော် တစ်ဦး မစိုးရိမ်ရ ကျည် ထိဒဏ်ရာရရှိခဲ့ပြီး ကျန်ရဲဘော်များမှာ အထိခိုက် တစ်စုံတစ်ရာမရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

Photo – ထန်းတောရွာကို မီးရှို့ ဖျက်ဆီးပြီး မုံရွာဘက်သို့ ဇတ်ဖြင့် ကူးနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းအား တွေ့ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article